Xiaomi ရဲ့ BlackShark Gaming အပိုင်းကို ဒေါ်လာ 470 မီလီယံနှင့် ဝယ်ယူဖို့ရှိနေတဲ့ Tencent

နောက်ဆုံးထွက်ပေါ်နေတဲ့သီတင်းတွေအရ တရုတ်နိုင်ငံရဲ့ Software ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tencent က Xiaomi ရဲ့ BlackShark Gaming smartphone ထုတ်လုပ်ရေးအပိုင်းကို တရုတ်ယွမ် 3 ဘီလီယံ , အမေရိကန်ဒေါ်လာ 470 Million နဲ့ဝယ်ယူဖို့ရှိတယ်လို့သိရပါတယ်။

လုပ်ငန်းပိုင်ဆိုင်မှုဝေမျှခြင်းတွေနဲ့ တရားဝင်သီတင်းထုတ်ပြန်ချက်တွေတော့မတွေ့ရှိရသေးပေမဲ့ Tencent အနေနဲ့ Gaming phone လုပ်ငန်းကိုကိုယ်ပိုင် Hardware တွေနဲ့ဝင်လာဖို့စီစဉ်နေတဲ့အနေအထားဖြစ်ပါတယ်။ Tencent အနေနဲ့လည်းအရင်တုန်းက Gaming phone ထုတ်လုပ်သူတွေဖြစ်တဲ့ Asus ROG , Red Magic Nubia ဖုန်းတွေနဲ့လည်း Partnership လုပ်ဖူးပါတယ်။ BlackShark ဟာ နိုင်ငံခြား စျေးကွက်တွေဖြစ်တဲ့ India နဲ့ SE Asia region တွေမှာထိုးဖောက်ထားပြီးသားဖြစ်တာကြောင့် Tencent အနေနဲ့ Business တစ်ခုကိုအစကနေစလုပ်နေစရာမလိုတော့ပါဘူး။   

Metaverse ကိုကြေငြာလိုက်ပြီးနောက်ပိုင်းနည်းပညာကုမ္ပဏီတွေအနေနဲ့ AR/VR လုပ်ငန်းထဲကိုဝင်လာတော့မှာပါ။အဲ့တော့နောက်ထပ်လည်း တရုတ်ကုမ္ပဏီတွေအနေနဲ့ VR Headset လုပ်ငန်းတွေကိုဝယ်ယူတဲ့သီတင်းတွေကြားလာရတော့မှာဖြစ်ပါတယ်။

Author: Hein Htet

Ref: Gizmo china, GSMarena

Previous
Previous

OnePlus 10 Pro 5G ကို China မှာမိတ်ဆက်

Next
Next

iMessage ကို Android အတွက်ထုတ်ပေးစေလိုတာမဟုတ်တဲ့အကြောင်း ပြန်ရှင်းပြတဲ့ Google SVP