iMessage ကို Android အတွက်ထုတ်ပေးစေလိုတာမဟုတ်တဲ့အကြောင်း ပြန်ရှင်းပြတဲ့ Google SVP

ပြီးခဲ့တဲ့အပတ်ကနည်းနည်းဟိုးလေးတကျော်ဖြစ်သွားတဲ့ကိစ္စတခုရှိပါတယ်။ Apple iMessage သုံးတဲ့ iPhone user တွေကြောင့် Android user တွေစိတ်ကျန်းမာရေးထိခိုက်ရတဲ့အကြောင်းကို WSJ က report တခုပြုလုပ်ခဲ့ပါတယ်။ ပြဿနာကတော်တော်လေးတော့ကလေးဆန်ပါတယ်။

အားလုံးသိတဲ့အတိုင်း iPhone user တွေအချင်းချင်း iMessage နဲ့စာပို့ရင် bubble အရောင်ဟာအပြာရောင်ဖြစ်ပြီး Android user တွေနဲ့ sms ပို့ရင် အစိမ်းရောင်အနေနဲ့ပေါ်ပါတယ်။ 

ဒါဟာ iMessage ကို iOS 5 မှာစတင်မိတ်ဆက်ခဲ့ထဲကပါ။

iMessage on iPhone

ဒါကို iPhone သုံးတဲ့လူငယ်နဲ့ဆယ်ကျော်သက်တွေက  Android သုံးတဲ့လူငယ်နဲ့ဆယ်ကျော်သက်တွေပေါ်မှာသူတို့ message တွေမှာ green bubble ပေါ်စေတဲ့အတွက်ဆိုပြီး နှိမ်တာ၊အပေါင်းအသင်းအလုပ်တာ ဝိုင်းကျဉ်ထားတာမျိုးတွေ ဖြစ်လာကြပါတယ်။ survey တွေအရလဲ US ကလူငယ်အများစုက အစိမ်းရောင် bubble ကိုရွံစရာကြီးတစ်ခုလိုသဘောထားကြတာကိုတွေ့ရပါတယ်။

အရှင်းဆုံးပြောရရင်တော့ iPhone မသုံးလို့ဝိုင်းနှိမ်ကြတာပါပဲ။ အဲ့လောက်ဖြစ်ရလောက်အောင်အထိလဲ US smartphone user တွေရဲ့ 55% လောက်ဟာ iPhone user တွေဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး Google ရဲ့ senior VP Hiroshi Lockheimer ဟာ twitter ပေါ်တက်ပြီး Apple ဟာ သူ့ product တွေရောင်းရဖို့အတွက် အဆင့်အတန်းခွဲတဲ့ပုံမျိုးနဲ့အနိုင်ကျင့်တာဟာ လူသားဆန်မှု ညီတူညီမျှမှုတွေပေါ်မှာ marketing ကိုအခြေခံထားပါတယ်ဆိုတဲ့ company ကြီးတခုအနေနဲ့မရိုးဖြောင့်တဲ့လုပ်ရပ်တခုဖြစ်တယ်လို့ဝေဖန်လိုက်ပါတယ်။ သူ့ရဲ့ tweet တွေအောက်မှာလဲ ဝေဖန်ငြင်းခုန်ကြတဲ့ tweet တွေနဲ့တော်တော်လေးဂယက်ထခဲ့ပါတယ်။ အများစုကလဲ Google ဟာ iMessage ကို Android အတွက်ထုတ်ပေးစေချင်လို့ဒါမျိုးပြောတယ်လို့ထင်ကြေးပေးကြပါတယ်။

Google Senior VP Hiroshi Lockheimer ရံ့ tweet

Hiroshi Lockheimer ကတော့ ဒီလိုသဘောမျိူးနဲ့ပြောတာမဟုတ်တဲ့အကြောင်းပြန်ဖြေရှင်းခဲ့ပါတယ်။ သူဆိုလိုချင်တာက Apple အနေနဲ့ iMessage မှာ SMS/MMS protocol တွေအပြင် RCS(Rich Communication Services)protocol ကိုပါ industry standard အနေနဲ့အသုံးပြုစေလိုခြင်းသာဖြစ်ပါတယ်။ SMS/MMS ဟာ ဒိတ်အောက်နေပြီဖြစ်ကြောင်းနဲ့ Apple အနေနဲ့ iPhone တွေရောင်းအားမကျဖို့ RCS protocol ကိုမသုံးသေးတာဟာ industry တခုလုံးကိုနောက်ပြန်ဆွဲနေတာသာဖြစ်တယ်လို့လဲသူကပြောထားပါတယ်။ RCS protocol ကိုသုံးလိုက်ရင် ဒီ bubble အရောင် ပြဿနာတွေလဲရှိတော့မှာမဟုတ်သလို send/read receipts နဲ့ typing notifications တွေပြပေးတာ၊ file တွေပို့တာနဲ့ end-to-end encryption စတဲ့အကျိုးကျေးဇူးတွေကို android နဲ့ iOS ၂ဖက်လုံးမှာရရှိမှာဖြစ်ကြောင်းကိုလဲထည့်ပြောသွားပါတယ်။ 

ဒီ features တွေက iPhone user တွေအချင်းချင်းiMessage သုံးတဲ့အခါမှရနိုင်မှာဖြစ်ပြီး Android userတွေနဲ့စာပို့မယ်ဆိုရင်တော့ ရိုးရိုး text message ပဲရမှာပါ။ 

Apple ကတော့ လက်ရှိအချိန်ထိ RCS protocol ကိုသုံးဖို့စိတ်ကူးရှိပုံမရသေးပါဘူး။

telegram, whatsapp, messenger စတဲ့ third page chatting platform တွေလဲရှိနေပေမယ့် သုံးတဲ့သူမသုံးတဲ့သူရှိတဲ့အတွက် ဒီကိစ္စကဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာတော်တော်လေး စဉ်းစားရကျပ်ပါတယ်။ Asia ဖက်ကနိုင်ငံတွေမှာဒီလိုပြဿနာမရှိတာကိုပဲကျေးဇူးတင်ရပါမယ်။ 

ref; twitter

Previous
Previous

Xiaomi ရဲ့ BlackShark Gaming အပိုင်းကို ဒေါ်လာ 470 မီလီယံနှင့် ဝယ်ယူဖို့ရှိနေတဲ့ Tencent

Next
Next

iPhone ကို Steve jobs မိတ်ဆက်ခဲ့တာ 15 နှစ်ပြည့်ခဲ့ပြီ။