OnePlus 10 Pro 5G ကို China မှာမိတ်ဆက်

OnePlus 10 Pro ကိုတော့ Global မတိုင်ခင် China မှာအရင်မိတ်ဆက်လိုက်ပါပြီ။ Pro version တစ်မျိုးထဲကိုမိတ်ဆက်သွားတာပါ။

6.7-inch ရှိတဲ့ LTPO 2.0 AMOLED display ကိုသုံးပေးထားပြီး 1440p resolution ရှိပါတယ်။ 1Hz ကနေ 120Hz ထိပြောင်းပေးမှာဖြစ်ပြီး second generation ဖြစ်တဲ့အတွက် refresh rate ကိုပို adapt လုပ်ပေးနိုင်ပြီး battery life ပိုထွက်လာစေမှာပါ။Qualcomm Snapdragon 8 Gen 1 ကို LPDDR5 ram 8GB, 12GB တို့နဲ့တွဲဖက်ထားပြီး UFS 3.1 128GB. 256GB တို့နဲ့ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ 

Camera setup က Samsung Galaxy S21 Ultra လိုမျိုး contour cut နဲ့ camera housing ကိုဖန်တီးထားပါတယ်။ 

1/1.43"အရွယ်အစားရှိပြီး 1.12μm pixelsရှိတဲ့ Sony IMX789 48MP wide ကို main lens အဖြစ်သုံးထားပြီး 150 degree wide တဲ့  samsung JN1 50MP Ultra wide နဲ့  8MP telephoto camera setup ကိုသုဲးပေးထားပြီး 3.3x optical zoom ရှိတဲ့ 8MP တို့ကိုတပ်ဆင်ပေးထားပါတယ်။ selfie camera ကတော့ 32MP ဖြစ်ပါတယ်။

Hasselblad နဲ့ပူးပေါင်းဖန်တီးထားတာဖြစ်ပြီးအပြင်ကအရောင်တွေအတိုင်းဖန်တီးပေးမယ့် Natural Color Optimization 2.0 နဲ့ Pro Mode 2.0 Raw shooting mode တို့ပါ၀င်လာပါတယ်။

Hyperboost လို့ခေါ်တဲ့ hardware တွေကို limit အပြည့်ခိုင်းလို့ရမယ့် feature တစ်ခုကိုလဲcpu overclock tools တချို့နဲ့အတူမိတ်ဆက်သွားပါသေးတယ်။

အပူချိန်ကို ထိန်းညှိဖို့အတွက် cooling system ကိုလဲပိုကြီးအောင်ဖန်တီးထားပြီး 80W fast charging နဲ့အားသွင်းတဲ့အခါမှာလဲအထောက်အကူပြုမှာပါ။ 5000mAh battery ကိုသုံးထားပြီး 50W wireless charging လဲ support ပါတယ်။China version ဖြစ်တဲ့အတွက် Android version 12 အခြေခံ ColorOS 12.1 နဲ့အတူလာမှာဖြစ်ပါတယ်။

Green နဲ့ black အရောင်၂မျိုးနဲ့ရမှာဖြစ်ပြီး 8/128 ကို $737 ခန့်နဲ့ 12/256 ကို $831 ခန့်ကျသင့်မှာပါ။ 

Pre-order 2ရက်သာလုပ်နိုင်မှာဖြစ်ပြီး January 13 မှာစတင်ရောင်းချမှာပါ။ 

ref; twitter

Previous
Previous

Window ကို ပိုမို Security ကောင်းလာစေမဲ့ AMD ရဲ့ Processor အသစ်

Next
Next

Xiaomi ရဲ့ BlackShark Gaming အပိုင်းကို ဒေါ်လာ 470 မီလီယံနှင့် ဝယ်ယူဖို့ရှိနေတဲ့ Tencent