Control panel ကို setting app ထဲရွှေ့တော့မဲ့ Window 11 update

Microsoft က နောက်ဆုံးမှာတော့ Control panel ကို setting ထဲကိုအပြီးပြောင်းတော့မဲ့ Window 11 update ကိုထုတ်ဖို့လုပ်ဆောင်နေပါပြီ။ Window insider Blog အရ Microsoft အနေနဲ့ အခုလက်ရှိ control panel ထဲမှာပဲလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်အချို့ကို setting ထဲကိုပြောင်းဖို့ update အသစ်ကိုလုပ်ဆောင်နေတယ်လို့သိရပါတယ်။ Window insider လို့ ခေါ်တဲ့ software testing program မှာတော့ control panel ထဲက Feature တစ်ချို့ Setting app ထဲကိုရောက်ရှိသွားပါပြီ။

Network discovery , File and printer sharing နဲ့ Public Folder sharing တို့လို advanced sharing setting တွေကို setting app ရဲ့ Advanced Network setting ထဲမှာတွေ့ရမှာဖြစ်ပါတယ်။ Printer & scanner page ကိုလည်း Setting ထဲက show more information about your printer or scanner ထဲမှတွေ့ရမှာပါ။

Control panel ထဲက network and setting ထဲကို ဝင်လိုက်တာနဲ့ setting app ထဲကိုတိုက်ရိုက်ရောက်သွားဖို့အတွက် Entry point တွေ Update အသစ်မှာပါဝင်လာမှာဖြစ်ပါတယ်။ Microsoft အနေနဲ့ အခုလိုမျိုး Window control panel ကို setting ထဲကိုပြောင်းရွှေ့ဖို့အတွက် Window 8 ထဲက ကြိုးစားနေတာဖြစ်တယ်လို့ The verge ရဲ့အဆိုအရသိရပါတယ်။ Microsoft အနေနဲ့ setting app ကိုမိတ်ဆက်ခဲ့တာ 2012 ကတည်းကဖြစ်ပါတယ်။ အဲ့တော့ 2022 အရောက်မှာတော့ Microsoft အနေနဲ့ setting app ထဲကိုအပြီးပြောင်းနိုင်လိမ့်မယ်လို့ထင်ပါတယ်။

Window 11 အနေနဲ့ Microsoft အာရုံစိုက်နေတဲ့ Modernize နဲ့ clean ဖြစ်တဲ့ OS ဖြစ်လာဖို့အတွက် Control panel ကနေ setting app ကိုပြောင်းတာကနေစနိုင်မယ်လို့မျှော်လင့်ပါတယ်။

Ref : Lifewire

Author : Hein Htet

Previous
Previous

Internet Explorer ကို 2022 June 15 မှာ ပိတ်သိမ်းတော့မဲ့ Microsoft

Next
Next

vivo မှ 8GB + 4GB Extended RAM၊ 50MP Rear Camera နှင့် 5000mAh ဘက်ထရီတို့ ပါဝင်သည့် Y33s ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်