vivo မှ 8GB + 4GB Extended RAM၊ 50MP Rear Camera နှင့် 5000mAh ဘက်ထရီတို့ ပါဝင်သည့် Y33s ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

ကမ္ဘာကျော်စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော vivo မှ Y series နောက်ဆုံးထွက် စမတ်ဖုန်းဖြစ်သည့် vivo Y33s ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ Y33s မိတ်ဆက်ခြင်းနှင့်အတူ vivo သည် စျေးနှုန်းသက်သာသည့် စမတ်ဖုန်းအမျိုးအစားအောက်တွင် အဓိပ္ပာယ်ပြည့်ဝသော ဆန်းသစ်တီထွင်မှုကို ပေးဆောင်နိုင်ရန်နှင့် Features များ စုံလင်သည့် စမတ်ဖုန်းများဖြင့် လူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ၎င်း၏ ရည်မှန်းချက်ကို မြှင့်တင်လိုက်သည်။ Y33s အသစ်တွင် အားကောင်းပြီး ကြာရှည်ခံသည့် 5000mAh ဘက်ထရီ၊ 50MP Rear Camera နှင့်အတူ 18W Fast Charge စနစ်တို့ ပါဝင်သည်။

vivo ၏ Y33s သည် ပါးလွှာပြီး သွက်လက်သည့် 8.0mm အထူရှိ ကိုယ်ထည်နှင့်အတူ အဆင့်မြင့်ကင်မရာများ တပ်ဆင်ပေးထားခြင်းကြောင့် ချောမွေ့မှုရှိသော စမတ်ဖုန်းအတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။ Y33s အသစ်သည် ခေတ်မီသော Features များကို တောင်းတနေသည့် မျိုးဆက်သစ် လူငယ်များနှင့် ၎င်းတို့၏ အမြဲ သွားလာလှုပ်ရှားနေသည့် လူနေမှုဘဝနှင့် ကိုက်ညီစေရန် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။

ပိုမိုကောင်းမွန်သည့် ဓာတ်ပုံအရည်အသွေးများအတွက် အဆင့်မြှင့်ထားသည့် ကင်မရာစနစ်များ

 

vivo Y33s အသစ်တွင် 50MP Rear Camera တပ်ဆင်ပေးထားသည့်အတွက် အဆင့်မြင့်သည့် ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် Y33s သည် ဘဝ၏ အကောင်းဆုံးအခိုက်အတန့်များကို အလွယ်တကူ ဖမ်းယူရိုက်ကူးနိုင်မည်ဖြစ်ပြီး Zoom ချဲ့ခြင်း သို့မဟုတ် Crop ပြုလုပ်ခြင်းတို့တွင်လည်း တိကျပြတ်သားသည့် ဓာတ်ပုံအရည်အသွေးကို ရရှိစေမည်ဖြစ်သည်။ 16MP Super Night Selfie နှင့်အတူ Y33sတွင် vivo ၏ Advanced Portrait Algorithm ပါဝင်သည့်အတွက် HD Quality ရှိသည့် Selfie ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ Super Night Selfie ၏ Noise Reduction နည်းပညာနှင့်အတူ Smart Screen Flas hတို့သည် ရှင်းလင်းပြတ်သားပြီး သဘာဝကျသည့် ဓာတ်ပုံများရရှိရန် အသေးစိတ်ကျသည့် Background နောက်ခံပေါ်၌ သင့်၏ မျက်နှာကို ပေါ်လွှင်နေစေမည်ဖြစ်သည်။

Y33s ၏ Rear Camera တွင်လည်း Super Night Mode စနစ်ကို ထည့်သွင်းထားပေးပြီး များစွာသော ရုပ်ပုံ အပိုင်းအစများကို ကြည်လင်ပြီး ပြတ်သားသည့် ဓာတ်ပုံတစ်ပုံအဖြစ် ပေါင်းစပ်ရန်အတွက် RAW-level Super Noise Reduction နည်းပညာကို အသုံးပြုထားသည်။ စွဲမက်ဖွယ်ကောင်းပြီး သဘာဝကျသည့် ဓာတ်ပုံများကို အလွယ်တကူ ရိုက်ကူးနိုင်ရန်အတွက် ရှေ့ကင်မရာတွင်လည်း အခြားသော Smart Features များဖြစ်သည့် Personalized Portrait Mode၊ Face Beauty၊ Bokehများကိုလည်း ထည့်သွင်းပေးထားသည်။

ကြာရှည်ခံသည့် စွမ်းဆောင်ရည်အပြည့်ရှိသော ဘက်ထရီစနစ်

 

Y33s တွင် ပိုမိုကြာရှည်ခံသည့် ဘက်ထရီသက်တမ်းကို ရရှိစေရန်အတွက် 5,000mAh ဘက်ထရီနှင့်အတူ အဆင့်မြင့် 18W Fast Charge စနစ်ကြောင့် စမတ်ဖုန်းကို မြန်ဆန်စွာ အားသွင်းနိုင်သည့်အတွက် သုံးစွဲသူများသည် ကြီးမားသည့် ဘက်ထရီ ပမာဏကို အချိန်အတိုတိုနှင့် အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Reverse Charging လုပ်ဆောင်ချက် ပါဝင်သည့်အတွက် စမတ်ဖုန်းကို Mobile Power Bank အဖြစ် ပြောင်းလဲပေးနိုင်သည်။

 

Y33s တွင် Extended RAM 2.0 နှင့် 8GB Memory လည်း ပါဝင်ထားပြီး အက်ပလီကေးရှင်းများကြား ကူးပြောင်း အသုံးပြုရာတွင် ပိုမိုချောမွေ့သော အတွေ့အကြုံဖြစ်စေရန်အတွက် အသုံးမပြုသေးသည့် ROM space ထဲမှ 4GB အထိကို ထပ်တိုး RAM Space အဖြစ် အသုံးပြုနိုင်သည်။ Extended RAM လုပ်ဆောင်ချက်သည် သုံးစွဲသူများကို စမတ်ဖုန်း အသုံးပြုရာ၌ သိသိသာသာ အကျိုးရှိစေပြီး ၎င်းတို့ စိတ်ကြိုက် App များကို download ဆွဲကာ နှောင့်နှေးမှုများမရှိဘဲ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့ပြင် စမတ်ဖုန်းသည် ကြီးမားသည့် 128GB ROM ကိုလည်း ထည့်သွင်းပေးထားသည်။ Y33s တွင် Helio G80 Processor ပါဝင်ပြီး၊ ၎င်း၏ ယခင်မော်ဒယ်များထက် ပိုမိုမြင့်မားသည့် ဓာတ်ပုံအရည်အသွေးနှင့် ပိုမိုကောင်းမွန်သော ဂိမ်းကစားခြင်း စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ရန် GPU ကိုလည်း အဆင့်မြှင့်ပေးထားသည်။ ထို့အပြင် Ultra-Game Mode ကိုလည်း အဆင့်မြှင့်တင့်ပေးထားပြီး ၎င်းသည် သုံးစွဲသူများအား ပိုမိုပြည့်စုံပြီး ပိုမိုစွဲမက်ဖွယ်ကောင်းသော ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

Previous
Previous

Control panel ကို setting app ထဲရွှေ့တော့မဲ့ Window 11 update

Next
Next

ပွဲဦးထွက်လှခဲ့တဲ့ OPPO ရဲ့ ပထမဆုံး Foldable phone Find N