Internet Explorer ကို 2022 June 15 မှာ ပိတ်သိမ်းတော့မဲ့ Microsoft

Window OS တွေမှာ 1995 ခုနှစ်ထဲက ပါဝင်လာတဲ့ Browser ဖြစ်တဲ့ Internet explorer ကို လာမဲ့ နှစ် June 15 မှာ Microsoft အနေနဲ့ အပြီးတိုင်ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ Internet explorer အစား Google နည်းပညာနဲ့ရောယှက်ပြီးထုတ်လုပ်ထားတဲ့ Microsoft edge ကိုပဲဆက်လက်သုံးစွဲသွားတော့မှာဖြစ်ပါတယ်။  ၂၅ နှစ်ကျော်သက်တမ်းရှိလာတဲ့ Internet explorer ကတော့ 2008 ခုနှစ်မှာထွက်ရှိလာတဲ့ Google chrome ကိုမယှဉ်နိုင်ခဲ့ပဲ Google chrome ကိုပဲဒေါင်းလုပ်ဆွဲပေးနေရတဲ့ Browser တစ်ခုအနေနဲ့သာရှိခဲ့ပါတယ်။ သူရဲ့ နှေးကွေးတဲ့ user experience နဲ့ တီထွင်ဆန်းသစ်မှုလျော့နည်းခဲ့ခြင်းတို့ကြောင့် ဆယ်စုနှစ်တစ်ခုကြာအောင် တခြား Browser တွေနဲ့ယှဉ်ရင်အမြဲနောက်ကျကျန်နေခဲ့ပါတယ်။ဒီအမှားကို Window 10 ထွက်ပြီး 2015 မှာ Microsoft edge လို့ခေါ်တဲ့ Google ရဲ့ နည်းပညာနဲ့ blend လုပ်ထားတဲ့ Browser ကို Internet explorer အစားထုတ်ပေးခဲ့ပေမဲ့ Chrome နဲ့အသားကျနေပြီးသားလူအများစုကြောင့် user base ရဖို့တော်တော်ရုန်းကန်ခဲ့ရပါတယ်။

နှေးကွေးတဲ့နေရာမှာ နာမည်ကြီးတဲ့ Internet explorer အနေနဲ့ Chrome ကိုယှဥ်ပြိုင်ဖို့လုံးဝမဖြစ်နိုင်တော့တဲ့အဆုံး Google နဲ့ပေါင်းပြီး Microsoft edge ကိုထုတ်လိုက်ရတာပဲဖြစ်ပါတယ်။ Google အနေနဲ့လည်း Brower နဲ့ Search engine ပိုင်းမှာ ဆယ်စုနှစ်တစ်ခုထက်ပိုပြီးစိုးမိုးထားနိုင်ခဲ့ပါတယ်။

Microsoft အနေနဲ့ကတော့ Internet explorer အစား Microsoft edge ကိုအပြီးတိုင်းပြောင်းလိုက်ရခြင်းကတော့ Edge မှာ Dual engine အားသာချက်ကြောင့် နောက်ပိုင်း Modern website တွေကိုလည်း Handle လုပ်နိုင်ပြီး Internet explorer ထက်လည်း ပိုပြီး security ကောင်းတယ်လိုဆိုထားပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Microsoft edge မှာ Internet explorer mode လည်းထဲ့ပေးထားမှာဖြစ်ပြီး Internet explorer သုံးဖို့လိုတဲ့သူတွေအတွက်အလွယ်တကူအဖွင့်အပိတ်လုပ်နိုင်မှာလို့လည်းဆိုထားပါတယ်။

Author: Hein htet

Ref: india today

Previous
Previous

TikTok မှ ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ခိုင်မာစေရန်စဉ်ဆက်မပြတ် အားဖြည့်လုပ်ဆောင်မှုများ

Next
Next

Control panel ကို setting app ထဲရွှေ့တော့မဲ့ Window 11 update