YouTube Short ကြည့်ရှုသူ လစဥ် 1.5 Billion ရှိနေ

မြန်မာနိုင်ငံမှာ Tik Tok ကိုအသုံးမပြုပဲ YouTube Short ကို ကြည့်ရှုကြဖို့ တိုက်တွန်းတာတွေရှိပါတယ်။ YouTube Short မှာ Creator တွေကို ငွေတွေပုံအောပေးပြီး Promote လုပ်ခဲ့ပြီး ၂ နှစ်ကြာပြီးတဲ့နောက်မှာတော့ ကြည့်ရှုသူတွေ ဒုနဲ့ဒေး ရှိလာပြီလို့ဆိုပါတယ်။

တစ်လကို 1.5 Billion ကြည့်ရှုသူရှိတယ်ဆိုတာ များတယ်လို့ပြောလို့ရတဲ့ အတိုင်းအတာဖြစ်ပါတယ်။ ဒါပေမယ့် YouTube Short ဟာ TikTok Clone သာဖြစ်ပါတယ်။ YouTube Short က Content အများစုက TikTok Video ရေစာတောင် မဖျောက်ရသေးတာတွေ အများကြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ April အထိ YouTube Short အသုံးပြုသူပေါင်း 2 Billion ရှိတယ်လို့ ဆိုပါတယ်။

2020 မှာစတင် ထုတ်လွှင့်ခဲ့တဲ့ YouTube ဟာ TikTok အရှိန်ရနေတဲ့အချိန်မှာ သူ့လမ်းကြောင်းနဲ့ သူ့ပရိတ်နဲ့တက်လာခဲ့တယ်လို့တော့ဆိုရပါမယ်။ YouTube မှာ TikTok လိုပဲ For You နေရာမှာ Recommendations လိုမျိုးတွေ ထည့်သွင်းပေးထားပါတယ်။ Google Ads တွေအရတော့ Short တွေကို တစ်ခါတစ်လေ 30 Billion ထိ View ရှိတတ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာ YouTube Short Creator တွေကို ငွေရှာပေးနိုင်ဖို့ နည်းလမ်းအသစ်တွေရှာဖွေနေတယ်လို့ သိရပြီး TikTok ထက်စာရင် YouTube မှာ Ads တွေကနေ ငွေရှာရတာ ပိုလွယ်တာကြောင့် YouTube Short ကနောက်ပိုင်း ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Payment အဆင်ပြေသွားခဲ့ရင် YouTube Creator တွေပေါ်လာနိုင်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nothing Phone 1st Look

Next
Next

Internet Explorer အသက် (၂၆) အနားယူသွားပြီဖြစ်