Nothing Phone 1st Look

အားလုံး Hype နေတဲ့ Nothing Phone ရဲ့ Render တွေထွက်လာပြီဆိုတော့ အကုန်လုံးထင်ကြတာတွေနဲ့ လွဲနေတာတွေတော့ ရှိကြပါတယ်။ စစချင်း ထင်ခဲ့ကြတာ Back Tranparent နဲ့ မြင်ရမယ်ဆိုပြီး ထင်ခဲ့ကြတာပါ။ ခုကတော့ Wirless Charging အတွက် Coil ကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေက မြင်ရမှာမဟုတ်ပါဘူး။

Nothing ဆိုတဲ့ Brand Logo ကိုတော့ ဘယ်ဖက်အောက်ထောင့်မှာ ရှင်းရှင်းလေးထည့်ပေးထားလို့ Minimalist ဦးစားပေးလိုလို ခံစားချက်ကိုရစေမှာဖြစ်ပေမယ့် Back Panel မှာ Light Trail တွေရှုပ်နေတာကြောင့် တစ်ကယ်တော့ Minimalist ဖြစ်မယ်မထင်ရပါဘူး။

Dual Camera ကိုတော့ ဖုန်း ဘက်ဖက် အပေါ်ပိုင်းမှာ အထက်အောက် စီပေးထားတာကို တွေ့ရပါမယ်။ အနီးစပ်ဆုံးကိုပြောရရင် iPhone 11 နဲ့ Camera Setup သိပ်မကွာပါဘူး။ ကင်မရာဘောင်တွေမှာ Light Trail တွေထည့်ပေးထားပါတယ်။ Light Trail တွေဟာ Nothing ဖုန်းရဲ့ Trade Mark ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။

ဘေးဘောင်တွေကတော့ Flat ပဲဖြစ်ပြီး ညာဖက်မှာ Power Button၊ ဘက်ဖက်မှာ volume button တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ ကျန်တဲ့ Spec တွေကိုမသိရသေးပေမယ့် Snapdragon 7 Gen 1 ကို 45W Charging ပါဝင်မယ်လို့သိရပါတယ်။ Os ကတော့ Android 12 Based Nothing Os ကိုမိတ်ဆက်ဦးမယ်လို့ဆိုပါတယ်။

OnePlus Co-founder ဖြစ်တဲ့ Carl Pei ကိုယ်တိုင် Found လုပ်ထားတာကြောင့် OnePlus လို Flag-ship Killer ဖြစ်ပြီး OnePlus လို ကိုယ်တိုင် Settle ပြန် မ Down ဖို့တော့ မျှော်လင့်ရပါတယ်။ Nothing Phone ကို July 12 ရက်နေ့မှာတရားဝင် Launch လုပ်သွားဖို့ ရှိပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

TSMC ရဲ့ 3 Nanometer Chip တွေကို 2023၊ 2 Nanometer ကို 2025 မှာတွေ့ရနိုင်ဖွယ်ရှိ

Next
Next

YouTube Short ကြည့်ရှုသူ လစဥ် 1.5 Billion ရှိနေ