Internet Explorer အသက် (၂၆) အနားယူသွားပြီဖြစ်

ဘိုးဘိုးကြီး Internet Explorer ရပ်နားတော့မှာဖြစ်ပါတယ်။ ဟာ..ဘာထူးခြားလို့လဲ အရင်တုန်းကလည်း ရပ်နားတယ်ဖြစ်သေးတာပဲဆိုပေမယ့် ဒီတစ်ခါကတော့ တစ်ကယ်ရပ်နားသွားပြီဖြစ်ပါတယ်။ Internet Explorerအစား Microsoft Edgeကနေရာယူလာပါလိမ့်မယ်။ Microsoft အနေနဲ့ Internet Explorer ရဲ့ Branding ကို Windows 10 ထွက်လာတဲ့ 2015 ကတည်းက ရပ်တန့်ခဲ့တာပါ။

Era တစ်ခုရဲ့အဆုံးသတ်ဆိုပေမယ့် အင်တာနက်အသုံးပြုသူတွေအတွက်တော့ ဘာမှမထူးပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက Internet Explorer အသုံးပြူသူတွေ အတော်လေးနည်းနေပြီး ဖြစ်ပါတယ်။ Browser အသုသုံးပြုသူဈေးကွက်တစ်ခုလုံးရဲ့ 0.5 % တောင် IE ရဲ့ ဈေးကွက်ကမရှိပါဘူး။ ပြီးတော့ Microsoft အနေနဲ့ IE ကို Browser တစ်ခုဆိုတာထက် စက်တိုင်းနဲ့ကိုက်ညီမှုရှိရန် ဆိုတဲ့ ခေါင်းစဥ်တစ်ခုအောက်ကနေပဲ အသုံးပြုနေတာဖြစ်ပါတယ်။

မကြာခင်မှာ Microsoft အနေနဲ့ IE သုံးနေတဲ့သူတွေကို Microsoft Edge ပြောင်းသုံးဖို့ လမ်းညွန်ချက်တွေပေးတော့မယ်လို့ ဆိုပါတယ်။​ Microsoft အနေနဲ့ Chromium Base Microsoft Edge ကိုသုံးနေပြီဖြစ်ပေမယ့် IE ကိုတော့ Windows 11 မှာထည့်သွင်းပေးထားခဲ့ပြီး ၂၀၂၉ ထိ Microsoft Edge ထဲမှာ IE Mode ကိုထည့်ပေးထားဦးမယ်လို့ ဆိုပါတယ်။

စီးပွားရေးအများစုကတော့ IE ကိုမသုံးကြတော့ဘူဆိုပေမယ့် တစ်ချို့ အစိုးရပိုင်းဆိုင်ရာတွေကတော့ IE ကိုသုံးနေကြတုန်းလို့ဆိုပါတယ်။ တစ်ကမ္ဘာလုံးနဲ့ချီရင် IE အသုံးပြုနေကြတဲ့ ကုမ္ပဏီ ထောင်ဂဏန်းရှိနိုင်နေသေးပြီး အဆိုပါကုမ္ပဏီတွေကတော့ Microsoft Edge ထဲက IE mode ကိုဆက်လက်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

YouTube Short ကြည့်ရှုသူ လစဥ် 1.5 Billion ရှိနေ

Next
Next

V23e ကို Limited Edition အနေဖြင့် ပြောင်မြောက်သောအရောင်အသစ်ဖြင့် မကြာမီ မိတ်ဆက်မည်