Blizzard Activision ကို ဒေါ်လာ ၇၀ဘီလျံနီးပါးနဲ့ဝယ်ယူလိုက်တဲ့ Microsoft

Microsoft အနေနဲ့ twitch ကိုယှဥ်ဖိုက်မယ့်သူတို့ရဲ့ streaming platform mixer ကြီး fail သွားပြီးနောက်ပိုင်း game company တွေတစ်ခုပြီးတစ်ခုလိုက်ဝယ်နေခဲ့တာပြီးခဲ့တဲ့နှစ်က Bethesda ကို 7.5 billion နဲ့ဝယ်ယူအပြီးမှာ အခုတစ်ခါ Call of Duty, World of Warcraft, Overwatch, Candy Crush တို့ကိုထုတ်လုပ်ရေးသားဖြန့်ချိခဲ့တဲ့ Blizzard Activision ကိုလဲ စံချိန်တင်စျေးနှုန်း ဒေါ်လာ ၆၈.၇ ဘီလျံကို ငွေသားနဲ့ပေးပြီးဝယ်ယူလိုက်ပါတယ်။

ဒီစျေးနှုန်းဟာ ကြောက်ခမန်းလိလိစျေးနှုန်းဖြစ်ပြီး Activion ကိုပိုင်ဆိုင်သွားတာကြောင့် Microsoft ဟာ game industry ရဲ့  တတိယအမြတ်ငွေအများဆုံးရရှိတဲ့ company ဖြစ်လာပါပြီ။

ဒီဝယ်ယူမှုအကြောင်းကို Activision Blizzard က သူတို့ရဲ့ twitter ကနေတဆင့် Xbox family ကို join တော့မယ်ဆိုပြီး tweet ကာကြေငြာခဲ့တာပဲဖြစ်ပါတယ်။ Activision ကိုဝယ်ယူလိုက်တာကြောင့် အခုချိန်မှာ Microsoft ဟာ mobile game, PC, console စတဲ့ platform အားလုံးအတွက် game အားလုံးကိုပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။

Microsoft Gaming Business Chief Executive Phill Spencer

Activision ဟာ လက်ရှိ company အတွင်းမှာ sexual harassment ပြဿနာတွေကြောင့်တရားစွဲခံတားရပြီးဒီကိစ္စတွေကိုရှောင်ထွက်ချင်နေတာလဲဖြစ်ပါတယ်။

ဝယ်ယူမှုကို ၂၀၂၃ လောက်မှာအပြီးသတ်မှာဖြစ်ပြီးအဲ့အချိန်ထိ Activision Blizzard CEO Bobby Kotick ဟာ CEO ရာထူးမှာဆက်လက်ရှိနေမှာဖြစ်ပြီး ပြီးသွားရင်တော့အကြံပေးအဖြစ်ဆက်ရှိနေမယ်လို့သိရပါတယ်။  

Microsoft အခုလို game industry ထဲနယ်ချဲ့လာရတဲ့အကြောင်းအရင်းဟာ metaverse နဲ့ mobile gaming အတွက်ဖြစ်ပါတယ်။ Microsoft Gaming business ရဲ့ Chief Executive ဖြစ်တဲ့ Phill Spencer က “metaverse ဟာအခုချိန်မှာ အလုံးအထည်သေချာမပေါ်သေးပေမယ့် ရင်းနှီးမြုပ်နှံလိုသူများပြားလျက်ရှိပြီး အကယ်၍ဖြစ်မြောက်ခဲ့မယ်ဆိုရင် gaming ဟာ metaverse ကို mainstream ဖြစ်စေမယ့် အဓိကအကြီးမားဆုံးအစိတ်အပိုင်းဖြစ်လာမှာဖြစ်တယ်”လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ mobile gaming ဖက်ကိုအာရုံစိုက်သွားမယ်လို့သိရပြီး Call of Duty ကိုလဲကမ္ဘာ့အကောင်းဆုံး entertainment franchise တစ်ခုလို့ချီးမွမ်းသွားပါသေးတယ်။

ဒါ့ကြောင့် Call of Duty လို game မျိုးတွေကို Xbox exclusive ဖြစ်လာမှာလားလို့မေးတဲ့အခါမှာတော့ “ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာ content တွေကို player တွေအကုန်လုံးဆီရောက်နိုင်သမျှရောက်အောင်လုပ်ပေးဖို့ပဲဖြစ်တယ်” လို့ဖြေကြားထားပါတယ်။ ဒါ့ကြောင့် Playstation ရဲ့  Call of Duty player တွေသိပ်ပြီးစိတ်ပူဖို့မလိုလောက်သေးဘူးလို့ပဲပြောရမှာပါ။

ref: nytimes

Previous
Previous

Samsung ရဲ့ Flagship ဖုန်းအသစ် S22 Ultra ရဲ့ Design ပိုင်း render နှင့် Specification များ

Next
Next

Browsing History နဲ့ Google ID ပေါက်ကြားစေနိုင်တဲ့ Safari bug ကို Apple ပြင်ဆင်နေ