Browsing History နဲ့ Google ID ပေါက်ကြားစေနိုင်တဲ့ Safari bug ကို Apple ပြင်ဆင်နေ

ပြီးခဲ့တဲ့အပတ်ထဲမှာ Fingerprint JS ဆိုတဲ့ ကုမဏ္ဏီတစ်ခုက Apple ရဲ့ Browser Safari မှာ အသုံးပြုသူတွေရဲ့ Browsing History ရဲ့ Google User IDs တွေကို ပေါက်ကြားစေနိုင်တဲ့ Bug တစ်ခုရှိကြောင်းကို ရှာတွေခဲ့ပါတယ်။ Private Browsing Mode မှာပါ bug ဖြစ်နေတာကြောင့် Apple က ချက်ချင်းပြင်ပေးဖို့လုပ်နေပါတယ်။

ဒီ Bug ဟာ Safari အသုံးပြုသူတွေ လတ်တလောဝင်ရောက်ကြည့်ရှုထားတဲ့ Website URL တွေကိုရယူနိုင်ပြီး Google User IDs ကိုပါရယူသွားနိုင်စွမ်းရှိပါတယ်။ Google User IDs ကိုအသုံးပြုပြီး Youtube, Google Calenderစတဲ့ Google Service တွေကနေ တစ်ခြားအချက်အလက်တွေ ပါသွားနိုင်လို့ အန္တရာယ်များပါတယ်။

Apple အနေနဲ့ ဘယ်နေ့မှာ Update ပေးပြီး Bug ကို ပြင်ပေးမယ်လို့ တရားဝင် မကြေငြာသေးပေမယ့် Apple Developers တွေအနေနဲ့ Beta အဆင့် စမ်းသပ်နေကြပါပြီ။

Bug ကိုပြင်ဖို့အတွက် iOS 15 updated builds တွေနဲ့ macအတွက် macOS Monterey updated builds တွေမှာ နောက်ဆုံးပေါ် WebKit Engine ကိုသုံးသွားမယ်လို့ဆိုပါတယ်။ WebKit Engine ဆိုတာက Apple Safari Browser မှာသုံးစွဲထားတဲ့ Search Engine ပဲဖြစ်ပါတယ်။ WebKit Engine က Open-source ဖြစ်တာမို့ GitHub မှာ Bug နဲ့ပတ်သတ်တဲ့ updates တွေထွက်နေတာကို တွေ့နိုင်ပါတယ်။
လောလောဆယ် iOS 15.3 beta နဲ့ macOS Monterey 12.2 beta ထွက်နေပြီမို့ update မကြာခင်ရနိုင်ပါတယ်။

Update မရခင်ကြားမှာ တစ်ခြား Browser ပြောင်းသုံးရင် ရနိုင်မလားဆိုတဲ့ မေးခွန်းရှိပေမယ့် Apple Device တွေမှာ Browser မှန်သမျှဟာ Apple ရဲ့ Render Engine ကိုသာသုံံးရမယ်ဆိုတဲ့ စည်းကမ််းချက်ကြောင့် ကျန်တဲ့ Browserတွေလည်း Bug ရှိနေပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Blizzard Activision ကို ဒေါ်လာ ၇၀ဘီလျံနီးပါးနဲ့ဝယ်ယူလိုက်တဲ့ Microsoft

Next
Next

realme က ကမ္ဘာတစ်ဝန်းလုံးတွင် နံပါတ်စဥ်လိုက် (Number Series) စမတ်ဖုန်းများ အလုံးရေ သန်း ၄၀ အထိ ရောင်းချနိုင်ခဲ့ပြီ