Samsung ရဲ့ Flagship ဖုန်းအသစ် S22 Ultra ရဲ့ Design ပိုင်း render နှင့် Specification များ

နောက်ထွက်လာမဲ့ Samsung ရဲ့ Galaxy S22 Ultra ရဲ့ Render တွေကတော့ Samsung ရဲ့ တရားဝင်မိတ်မဆက်ခင်မှာပဲထွက်လာပါပြီ။ Samsung က S22 series ကို ဖေဖော်ဝါရီလ မှာမိတ်ဆက်ဖို့ရှိပါတယ်။ ထွက်လာတဲ့သတင်းတွေအရတော့ ဖေဖော်ဝါရီလ 8 ရက်နေ့မှာမိတ်ဆက်ဖို့အလားလာရှိပါတယ်။

အင်တာနက်ကောလဟာလတွေအရတော့ Samsung က S22 series နဲ့ပတ်သတ်ပြီး Model သုံးမျိုးမိတ်ဆက်သွားဖို့ရှိပါတယ်။ S22 , S22 Plus, S22 Ultra တို့ပဲဖြစ်ပါတယ်။ ထွက်လာတဲ့ ပုံတွေအရ ဒီဇိုင်းပိုင်းမှာ S22 ဖုန်းတွေဟာ S21 ဖုန်းတွေရဲ့ Contour camera design ကို ပြောင်းလိုက်ဖို့များပါတယ်။

အရင်ဖုန်းတွေနဲ့ကွဲထွက်တဲ့ လေးထောင့်ပုံဆန် ဒီဇိုင်းကို သုံးဖို့ရှိပါတယ်။ Note series ကိုသတိရနေတဲ့လူတွေအတွက် S22 မှာ S-Pen support ကိုပေးဖို့ရှိပါတယ်။ နောက်ပြီး S22 မှာ S-pen ထည့်ဖို့အတွက် Slot တစ်ခုပါထည့်သုံးပေးဖို့ရှိပါတယ်။

S-Pen ရဲ့ latency က 2.8ms အထိရှိမှာဖြစ်ပြီး ဒါဟာ ထွက်ခဲ့သမျှ S-Pen တွေထဲမှာ Latency အနည်းဆုံးဖြစ်ပါတယ်။ ပုံတွေအရတော့ ကင်မရာကို လေးခု သုံးပေးဖို့ရှိပြီး S22 မှာ 108MP Main Camera ကိုသုံးပေးမှာဖို့ရှိပါတယ်။ Ultrawide အတွက် 12MP နဲ့ Zoom အတွက် 10MP telephoto က 3x နဲ့ Optical zoom ကို 10x အထိ support ပေးမှာပါ။ ဒီ camera တွေအားလုံး 12-bit HDR recording ကို support ပေးမှာြဖစ်ပါတယ်။

Previous
Previous

League of Legends: Wild Rift မှာ Voice Chat ပြန်လည်ပါဝင်လာ

Next
Next

Blizzard Activision ကို ဒေါ်လာ ၇၀ဘီလျံနီးပါးနဲ့ဝယ်ယူလိုက်တဲ့ Microsoft