ပွဲဦးထွက်လှခဲ့တဲ့ OPPO ရဲ့ ပထမဆုံး Foldable phone Find N

OPPO ကသူတို့ရဲ့ ပထမဆုံး ခေါက်ဖုန်းကို အရင်အပတ်က ကြေငြာပြီးနောက်ပြီး အခုမှာတော့ တရားဝင်မိတ်ဆက်လိုက်ပါပြီ။ OPPO ရဲ့ Chief Product Officer ကတော့ ဒီဖုန်းကို 2018 ထဲကစတင်ဖန်တီးလာတာဖြစ်ပြီး အခုထွက်ရှိလာတဲ့ Find N ကတော့ သူတို့ ဖန်တီးထားတဲ့ 6 ခုမြောက် Version ဖြစ်ပါတယ်။ အခု လောလောဆယ်မှာတော့ ဒီဖုန်းဟာအကောင်းထင်မြင်ချက်တွေအများကြီးရထားပါတယ်။

Find N ဟာ Samsung ရဲ့နာမည်ကြီး Z Fold 3 နဲ့တော်တော်လေးကိုဆင်တူပြီး ထောင်တွေတော်တော်ဝိုင်းပါတယ်။ အထဲက 7.1 inches Screen အကြီးကိုတော့ OLED သုံးပေးထားပြီး Samsung ကထုတ်လုပ်ပေးထားပါတယ်။ 120Hz refresh rate support လုပ်ပြီး Resolution က HDR10+ နဲ့ 370 ppi အထိရရှိမှာဖြစ်ပါတယ်။ အပြင်က Screen ကတော့ 5.49 inches ဖြစ်ပြီး 402ppi နဲ့ AMOLED display သုံးပေးထားပါတယ်။ အပြင် screen refresh rate ကတော့ 60Hz အထိပဲရမှာပါ။

ကင်မရာကို‌တော့ သုံးလုံးသုံးပေးထားပြီး 50MP main , 16 MP Ultrawide နဲ့ 13MP zoom တို့ပါဝင်ပါတယ်။ ကင်မရာကိုတော့ကောင်းမ‌ကောင်းစမ်းကြည့်ရမှသိမှာပါ။

Performance ပိုင်းအတွက်ကတော့ Snapdragon 888 ကိုသုံးပေးထားပြီး RAM 8GB နဲ့ Storage ကတော့ 256GB, 512GB နှစ်မျိုးရရှိမှာပါ။ Android 11 နဲ့ Color OS 12 ကိုသုံးပေးထားပါတယ်။ Battery ပိုင်းကတော့ 4500mAh ကို Fast charging 33W နဲ့ Wireless က 20W အထိရရှိမှာပါ။ Fingerprint sensor ကိုတော့ Power button မှာတွဲပေးထားပါတယ်။ OPPO က ခေါက်ချိုးဖုန်းအတွက်လည်း software ပိုင်းကို Optimized လုပ်ထားပါသေးတယ်။

အခု ထွက်ရှိလာတဲ့ Find N ဖုန်းကြောင့် Samsung ရဲ့ Z fold 3 ဟာစိုးရိမ်စရာတော့ဖြစ်လာပေမဲ့ လောလောဆယ်မှာတော့ တရုတ်တစ်နိုင်ငံထဲမှာပဲရောင်းဦးမှာဖြစ်ပြီး Global မှာတော့ Samsung ကိုယှဉ်ပြိုင်နိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရမှာပါ။

Author : Hein Htet

Ref: the verge , GSMarena

Previous
Previous

vivo မှ 8GB + 4GB Extended RAM၊ 50MP Rear Camera နှင့် 5000mAh ဘက်ထရီတို့ ပါဝင်သည့် Y33s ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Next
Next

Snapdragon 8 Gen 1 အကြောင်းတစေ့တစ်စောင်း