Xiaomi 13 Series နဲ့ MIUI 14

Xiaomi 13 Series နဲ့ MIUI 14

Xiaomi အနေနဲ့ Xiaomi 13 Series ကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေမှာ မိတ်ဆက်ပေးမယ့်လို့ တရားဝင်ကြေငြာထားပါတယ်။ MIUI 14 ကိုလည်း တစ်ခါတည်းပူးတွဲကြေငြာမယ်လို့ သိရပါတယ်။

ကုမ္ပဏီဥက္က၎ Lei Jun ကိုယ်တိုင် Xiaomi 13 ရဲ့ပုံတွေကို ထုတ်ပြထားပါတယ်။ ပုံတွေမှာတော့ Flat OLED နဲ့ Xiaomi 13 ကိုမြင်ရမှာဖြစ်ပြီး ၁.၆ မီလီမီတာပဲရှိတဲ့ Bazel ကိုလည်းမြင်ရလို့ Xiaomi အနေနဲ့ အတော်လေးအထင်ကြီးစရာကောင်းတဲ့ တိုးတက်မှုကို ချပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် One-haned Size လည်းဖြစ်ပါတယ်။

နောက်ထပ်သတင်းတွေအနေနဲ့ကတော့ Xiaomi 13 Series အနေနဲ့ IP 68 လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Watch S2 smartwatch နဲ့ Xiaomi Buds 4 TWS earphones ကိုလည်း မိတ်ဆက်သွားမှာဖြစ်ပြီး နောက်ဆုံးတစ်ခုနဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်တဲ့ ပထမဆုံး Xiaomi desktop computer လည်းပါဝင်နေပါတယ်။ ကျန်တာကတော့ Wifi Router နဲ့ Projector ဖြစ်ပါတယ်။

MIUI 14 ဟာ MIUI လို Bloatware မကြိုက်တဲ့သူတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ Performance ကိုဦးစားပေးထားတဲ့ UI ဖြစ်အောင် စီစဥ်ထားတယ်လို့ ဆိုတာမို့ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Pixel 4 ဖုန်းအသုံးပြုတယ်လို့ လိမ်ညာကြေငြာလို့ တရားစွဲခံတဲ့ Google

Next
Next

Twitter ကို App Store ကနေ ဘန်းလိုက်ရင် ကိုယ်ပိုင်ဖုန်းထုတ်ပစ်မယ်လို့ Elon Musk ပြော