Twitter ကို App Store ကနေ ဘန်းလိုက်ရင် ကိုယ်ပိုင်ဖုန်းထုတ်ပစ်မယ်လို့ Elon Musk ပြော

မလွယ်တာမှ တော်တော်ကိုမလွယ်တဲ့ဘဲကြီးပါ။ Elon အနေနဲ့ Tesla ဖုန်းထုတ်မယ်လို့ ခဏခဏ Rumor ထွက်နေတာကြာပါပြီ။ အဲ့ဒီနောက်မှာတော့ ဖုန်းကိစ္စငြိမ်သွားပြီး Twitter ကိစ္စဗြောင်းဆန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ Elon အနေနဲ့ Twitter ကို App Store နဲ့ Play Store မှာပိတ်ပစ်ခဲ့ရင် ကိုယ်ပိုင်ဖုန်းထုတ်ဖို့ ဝန်မလေးဖူးလို့ ဆိုလာပါတယ်။

Elon အနေနဲ့ Twitter ကိုငွေရှာသူတွေရဲ့နေရာမဟုတ်ပဲ တစ်ကယ်ကို Free Specch နေရာဖြစ်အောင်ပြုလုပ်ဖို့ အရမ်း Risk ယူပြီးကြိုးစားနေတဲ့နေရာမှာ လူမှုရေးချိုးဖောက်လို့ ဘန်းခံထားရတဲ့အကောင့်တွေကိုပါ ပြန်ဖွင့်ပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာတွေဟာ Twitter မှာ Ads Run သူတွေအနေနဲ့ အင်တင်တင်ဖြစ်ချင်စရာဖြစ်လာစေပါတယ်။ ဒါကိုလည်း Elon က Ads တွေဆီကပိုက်ဆံမရလည်း အသုံးပြုသူ Userတွေဆီက ပိုက်ဆံယူမယ်ဆိုပြီး လူထုမေတ္တာခံယူဖို့ ကြိုးစားပေမယ့် ခုထိ အဆင်မချောသေးပါဘူး။

တစ်ကယ်လို့ Twitter ကို App Store တွေကနေဖယ်ရှားခံရရင် ဖုန်းထုတ်မယ့်အစား Store တွေကနေမဟုတ်ပဲ တစ်ခြား Site တွေကနေ Download လို့ရအောင် ပြုလုပ်လို့ရပါသေးတယ်။ Elon ကိုယ်တိုင်လည်း ဖုန်းအသစ်ထုတ်မယ့်အစား သေချာပေါက် အခုလို Third Parties Website တွေကနေ ဒေါင်းလို့ရအောင်လုပ်ပေးမှာပါ။ ယခုလို App တစ်ခုအတွက် ဖုန်းထုတ်မယ်ဆိုတာကတော့ Public Stunt လား၊ တစ်ကယ်လားဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : 9to5Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Xiaomi 13 Series နဲ့ MIUI 14

Next
Next

Cyber Monday is now!!!