Pixel 4 ဖုန်းအသုံးပြုတယ်လို့ လိမ်ညာကြေငြာလို့ တရားစွဲခံတဲ့ Google

ဖုန်းကုမ္ပဏီတွေအနေနဲ့ Social Influencer တွေကို ဖုန်းတွေကြေငြာဖို့ Brand Personal အနေနဲ့ငှားရမ်းတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ Social Influencer တွေကလည်း ဖုန်းကို ခေတ္တသာအသုံးပြုပြီး သူတို့အားသန်ရာ ဖုန်းတွေကို ကိုင်မြဲကိုင်ဆဲဖြစ်ပါတယ်။ ဒါပေမယ့် လူမြင်ကွင်းတွေမှာတော့ Branding ဖုန်းတွေကိုပဲ အသုံးပြုရပါတယ်။

ခုကိစ္စမှာလည်း Google က အမေရိကန်က ရေဒီယိုကြေငြာတွေမှာ Pixel 4 တွေအသုံးပြုတယ်လို့ ကြေငြာဖို့ ပိုက်ဆံသန်းနဲ့ချီပြီးပေးခဲ့ပါတယ်။ ဒါပေမယ့် ကြေငြာခဲ့တဲ့သူတွေဟာ တစ်ကယ်လက်တွေ့မှာတော့ Pixel 4 ကိုဘယ်တုန်းကမှ အသုံးပြုခဲ့ခြင်းမရှိဘူးမို့ Federal Trade Commission (FTC) ကတရားစွဲခြင်းခံရတာပါ။ Google အပြင် သတင်းအမှားပေးခဲ့တဲ့ ရေဒီယိုသတင်းဌာနပါ တရားစွဲခံရတာပါ။

Google အနေနဲ့ iHeart Radio Station ကို ဒေါ်လာ ၃ သန်းခန့်နဲ့ တစ်ခြား ရေဒီယိုသတင်းဌာန အသေးတွေကို ဒေါ်လာ ၂ သန်းသုံးပြီး ကြော်ငြာခဲ့တယ်လို့ဆိုပါတယ်။ ခုလို သတင်းမှားနဲ့ လိမ်ညာကြေငြာတဲ့အတွက် ဒေါ်လာ ၁၀ သန်းလောက် ဒဏ်ကြေးပေးရချေရှိနေနိုင်ပါတယ်။ Branding အတွက် Brand influencer ရော၊ Brand ဖက်ကပါ အမှန်တစ်ကယ် အချက်အလက်မပေးနိုင်ရင် အစိုးရကိုယ်တိုင် တရားစွဲတဲ့ သဘောပါပဲ။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Happy 30th Birthday SMS

Next
Next

Xiaomi 13 Series နဲ့ MIUI 14