World of Warcraft အပါအဝင် Blizzardဂိမ်းတွေ တရုတ်မှာ မကြာခင်ပိတ်သိမ်းမည်

Blizzard ရဲ့နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ WOW, Overwatch စတဲ့ ဂိမ်းတွေအတော်များများကို လာမယ့်နှစ် ၂၀၂၃ ဇန်နဝါရီလကစလို့ တရုတ်မှာဆော့လို့ရတော့မှာမဟုတ်ပါဘူး။​ အကြောင်းအရင်းကတော့ တရုတ်ရဲ့ဒုတိယအကြီးဆုံး Game Company ဖြစ်တဲ့ NetEase နဲ့ဈေးကွက်ကိစ္စတွေ အဆင်မပြေဖြစ်တယ်လို့ သိရပါတယ်။ World of Warcraft, Hearthstone, Warcraft III: Reforged, Overwatch, the StarCraft series, Diablo III, နဲ့ Heroes of the Storm စတဲ့ ဂိမ်းတွေအကုန်ပိတ်သိမ်းသွားမှာပါ။

Blizzard နဲ့ NetEase တို့အနေနဲ့ဘယ်လိုမှညှိလို့မရတဲ့ အခြေအနေမှာတော့ ကစားသူတွေရော၊ ဝန်ထမ်းတွေရောကို စိတ်မကောင်းစွာနဲ့ပဲ အသိပေးပြီး ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်း NetEase ကထုတ်ပြန်ထားပါတယ်။ NetEase ကုမ္ပဏီက CEO ကိုယ်တိုင်ကလည်း ဘယ်လိုမှ သဘောတူညီချက်ယူမရတဲ့အဆုံးမှာ တရုတ်က ကစားသမားတွေကို စိတ်မကောင်းစွာနဲ့ အသိပေးလိုပါတယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အသစ်ထွက်လာမယ့် Diablo Immortal ကတော့ သီးခြားသဘောတူညီမှုအောက်မှာ ထွက်ရှိလာမှာဖြစ်ပြီး တရုတ်ကစားသမားတွေအနေနဲ့ ထိုအကြောင်းကို အသေးစိတ်ထပ်မံသတိပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ World of Warcraft: Dragonfight, Hearthstone: March of the Lich King, နဲ့ season 2 of Overwatch 2 ထွက်မယ့်အကြောင်းကိုလည်း လာမယ့်နှစ်ကုန်ပိုင်းမှာထပ်မံ ကြေငြာမယ်လို့သိရပါတယ်။

ကုမ္ပဏီ ၂ ခုလိုဖြစ်ရတာ ကတ္တီပါလမ်းခွဲတော့ ဟုတ်မယ်မထင်ပါဘူး။ ဘာလို့လဲဆို LinkedIn က Post တစ်ခုမှာ NetEase ဥက္က၎က "တစ်ရက်မှာ ဘာလို့ကုမ္ပဏီ ၂ ခုပြဿနာတက်ကြလဲဆိုတာ ပြောလို့ရရင်၊ စောင်ပေါတစ်ကောင်ကြောင့် လူတွေအများကြီး တိုင်ပတ်ကုန်တယ်ဆိုတာ ပြောပြချင်တယ်" လို့ရေးထားပါတယ်။ သေချာတာကတော့ ကုမ္ပဏီ၂ခုနောက်ကွယ်မှာ ပြဿနာတွေတက်ထားတယ်ဆိုတာပါပဲ။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ပိုမြန်လာမယ့် Samsung Software Update

Next
Next

ဝန်ထမ်းတွေထွက်ကုန်လို့ Twitter ရုံးတွေပိတ်ထားရ