ဝန်ထမ်းတွေထွက်ကုန်လို့ Twitter ရုံးတွေပိတ်ထားရ

လာမယ့် တနင်္လာနေ့ထိ Twitter ရုံးတွေပိတ်ထားရပါတယ်။ အကြောင်းကတော့ ဝန်ထမ်းတွေ အကုန် တစ်ယောက်ပြီးတစ်ယောက်ထွက်ကုန်လို့ ကုမ္ပဏီအနေနဲ့ လူအင်အားမလောက်လို့ ခေတ္တပိတ်ထားရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် Elon Musk တစ်ယောက်ကတော့ ဒါကိုမျက်နှာပြောင်ပြီး "လူတော်တွေအကုန်လုံးကတော့ ရုံးမှာကျန်နေခဲ့တုန်းပါ"လို့ စိတ်မပူတဲ့ပုံနဲ့ဆိုပါတယ်။

Musk အနေနဲ့ Twitter ရဲ့လည်ပတ်ပုံကို Blue Tick တွေရောင်းပြီး အမြတ်ယူမယ်၊ ကြော်ငြာတွေဆီကပိုက်ဆံမယူဘူး၊ အသုံးပြုသူတွေရဲ့ Data တွေကိုရောင်းမစားဘူး၊ အသုံးစားရိတ်လျော့တဲ့အနေနဲ့ ကုမ္ပဏီရဲ့ လူတစ်ဝက်ကို လျော့ပစ်မယ်ဆိုပြီး စီစဥ်ခဲ့တာပါ။ ဝန်ထမ်းတွေအနေနဲ့ ခံဝန်ကတိအရှည်ကြီးကို လက်မှတ်ထိုးမလား၊ ၃လစာ နစ်နာကြေးယူပြီး အလုပ်ထုတ်ခံမလားဆိုတာ ရွေးချယ်ခွင့်ရှိကြပေမယ့်၊ Twitter ရဲ့လူဟောင်းတွေအကုန်နီးပါးကတော့ လျော်ကြေးယူပြီး အကုန်ထွက်သွားကြဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

Twitter ဝန်ထမ်းဟောင်းတစ်ယောက်က BBC ကို Twitter အကြောင်းကိုပြောကြားခဲ့ရာမှာ သူ့အနေနဲ့ လူအများကြီးကျန်ခဲ့ဖို့ မျှော်လင့်ပေမယ့်၊ အများစုကို Elon Musk ကိုယ်တိုင် Email ပို့ပြီး အလုပ်ဆက်လုပ်ဖို့ ခြိမ်းခြောက်ခံခဲ့ရတာတွေရှိတယ်လို့ဆိုပါတယ်။ "တစ်ပတ်ကို နာရီ ၆၀-၇၀ ကြားအလုပ်လုပ်ပေးနေတဲ့သူကို အလုပ်ထပ်လုပ်ဖို့ ညွန်းကြားတာတော့ မဟုတ်သေးဘူးဗျာ" လို့သူက BBC ကိုပြောကြားခဲ့ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

World of Warcraft အပါအဝင် Blizzardဂိမ်းတွေ တရုတ်မှာ မကြာခင်ပိတ်သိမ်းမည်

Next
Next

Ray Tracing နဲ့ Wifi 7 ပါဝင်တဲ့ Snapdragon 8 Gen 2