ပိုမြန်လာမယ့် Samsung Software Update

မိတ်ဆွေသိပါသလား... Google ဟာ Android 13 ကို August 13 မှာစတင်ထုတ်ပေးခဲ့ပြီး Samsung ကတော့ Android 13 ကို အခြေခံထားတဲ့ One Ui 5 ကို Google ထက် ၂ လနဲ့ ၁၀ရက်ခန့်ပဲ နောက်ကျပြီး ထုတ်ပေးခဲ့ပါတယ်။ တော်တော်မြန်တဲ့ Software update ပါပဲ။ လောလောဆယ်မှာတော့ Samsung အနေနဲ့ သူတို့ရဲ့ Android 13 ရမယ်လို့ကြေငြာထားတဲ့ Device တွေကိုဖြည်းဖြည်းချင်း Update ထုတ်ပေးနေတုန်းပါ။

One Ui 5 ကတော့ Samsung အတွက်အမြန်ဆုံး Update ရယ်လို့မှတ်တမ်းတင်ထားပြီး Samsung အနေနဲ့ Flagship တွေကိုပဲ ဂရုစိုက်ပြီး Update ပေးတာမဟုတ်ပဲ Mid-range တွေနဲ့ Compatibleဖြစ်သမျှ ဖုန်းတိုင်းကို Update ပေးနိုင်ဖို့ကြိုးစားသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ နောက်နှစ်မှာပိုပြီးတော့ မြန်အောင်ကြိုးစားမယ်လို့ Samsung ကဆိုပါတယ်။

ဖုန်းတွေမှာ Hardware တွေအရမ်းမကောင်းရင်တောင် Software Optimization နဲ့ထိန်းပြီးသုံးလို့ရပါတယ်။ Samsung အနေနဲ့ပိုကောင်းတဲ့ Software Update တွေကို မြန်နိုင်သမျှအမြန်ဆုံးဖြစ်အောင် ကြိုးစားထုတ်ပေးမယ်လို့ Korea မှာကြေငြာထားပြီး ပြောတဲ့စကားကို တည်အောင်ကြိုးစားနေတယ်ဆိုတာ ဒီဖြစ်ရပ်ကသက်သေထူပါတယ်။ One Ui အနေနဲ့ အကောင်းဆုံး Ui မဟုတ်သေးပေမယ့် နောင်ပိုင်းမှာ ဒီလို Update ကောင်းကောင်းပေးနိုင်ရင် ပိုကောင်းလာမယ်ဆိုတာ သေချာပေါက်ပါ။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Augmented Reality ကို Google Maps မှာမြင်ရပါတော့မယ်

Next
Next

World of Warcraft အပါအဝင် Blizzardဂိမ်းတွေ တရုတ်မှာ မကြာခင်ပိတ်သိမ်းမည်