Windows ပေါ်မှာ Android App တွေ စတင်စမ်းသပ်နေတဲ့ Google

Microsoft အနေနဲ့ Windows ပေါ်မှာ Android Appတွေ သုံးလို့ရအောင် လုပ်ပေးသွားမယ်လို့ Windows 11 ကိုကြေငြာကတည်းက ပြောကြားထားတာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Function က Windows 11 ထွက်လာတော့ အဆင်သင့်မဖြစ်သေးလို့ အသုံးပြုလို့ အဆင်မပြေခဲ့ပါဘူး။
ခုတော့ Google အနေနဲ့ ပထမဆုံး Beta အနေနဲ့ အသုံးပြုသူတစ်ချို့ကို Windows ပေါ်မှာ Android Games 12 မျိိုး ဆော့ကစားခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဟောင်ကောင်၊ ထိုင်ဝမ််၊ တောင်ကိုရီးယား မှာရှိတဲ့ လူတစ်ချို့အနေနဲ့ Desktop ပေါ်မှာ Asphalt 9, Gardenscapes and Home scapes နဲ့တစ်ခြား ဂိမ်းတွေကို ဆော့ကစားခွင့်ပေးထားပါတယ်။

ဒီ Feature ကိုသုံးချင်တယ်ဆိုရင် Windows 10 (v2004) ဒါမှမဟုတ် Window 11 ဖြစ်ဖို့လိုအပ်ပြီး အဆင်ပြေပြေဆော့ကစားနိုင်ဖို့အတွက် Hardwear Requirements အနေနဲ့ Octa-core CPU, သင့်တင့်တဲ့ GPU အပြင် RAM 8GB အနည်းဆုံး ရှိဖို့လိုအပ်တယ်လို့ ဆိုထားပါတယ်။
Windows မှာ Android Games တွေ Download ဖို့အတွက် Android ရဲ့ Google Play Store လိုမျိုး Google Play Games ဆိုပြီးပါဝင်ပါတယ်။ Play Store နဲ့မတူတာက ဂိမ်းအကြောင်းကို အသေးစိတ်ရှင်းပြထားပြီး ဂိမ်းထဲမှာ Ads နဲ့ in-app purchases ပါဝင်ရှင်းရှိမရှိကိုလည်း သပ်သပ်ဖော်ပြထားပါတယ်။ Play Points ဆိုတဲ့ Points System တစ်ခုလည်းပါဝင်ပြီး Points တွေနဲ့ In-game Content ဝယ်တာမျိုးတွေ၊ Games တွေဝယ်တာမျိုးတွေလုပ်နိုင်မယ်လို့ဆိုပါတယ်။

Microsoft အနေနဲ့ Windows 11 မှာ အပြောင်းအလဲတွေ တော်တော်များများကို ပြုလုပ်ခဲ့ပါတယ်။ Internet Explorer ကိုလုံးဝဖြုတ်ပစ်လိုက်တာမျိုး၊ တစ်ချို့ Command Panel တွေကို ပေါင်းပစ်တာမျိုးတွေလုပ်ခဲ့ပြီး ပိုပြီးရှင်းရှင်းလင်းလင်းနဲ့ Apple ရဲ့ MacOs နဲ့ဆင်တူတယ်လို့တောင် မှတ်ချက်ပေးခံရတာမျိုးတွေရှိပါတယ်။ Microsoft အနေနဲ့ Windows မှာ Linux Terminal ထည့်ပေးတာမျိုး၊ ​Android Games တွေကို Emulator မလိုပဲတဆော့လို့ရအောင် လုပ်ပေးတာကို ကြည့်ခြင်းအားဖြင့် Multi-Platform Support ပေးနိုင််အောင် ကြိုးစားနေပုံရပါတယ်။

Ref : Gsmarena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဒီဇိုင်းတွေ တီထွင်ဖန်တီးဖို့နဲ့ ဂိမ်းဆော့ဖို့အတွက် မြန်ဆန်ကောင်းမွန်တဲ့ Premium Laptop တစ်လုံးကို ရှာနေတာလာ:

Next
Next

Oneplus ရဲ့ Flagship Killer ဖုန်းတွေ ပြန်မြင်ရနိုင်ဖွယ်ရှိ