Oneplus ရဲ့ Flagship Killer ဖုန်းတွေ ပြန်မြင်ရနိုင်ဖွယ်ရှိ

Oneplus အနေနဲ့ စမတ်ဖုန်းလောကမှာ Flagship Killer အဖြစ်နာမည်ကျော်ကြားပါတယ်။ ဒါပေမယ့် ဒီဂုဏ်ပုဒ်ဟာ Oneplus 6 series အထိသာ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ Oneplus ဖုန်းတွေကိုယ်တိုင် Flagship တွေဖြစ်လာပါတယ်။

ခုတစ်ခါမှာ Oneplus အနေနဲ့ Flagship Killer တွေပြန်ထုတ်လာဖို့ရှိတယ်လို့ Android Authority နဲ့ Weiboက နာမည်ကြီး Leaker တစ်ယောက်က ပြောထားပါတယ်။ Gaming နဲ့ Performance ကိုအသားပေးထားပြီး ဈေးအသင့်အတင့်နဲ့ Oneplus ဖုန်းတွေထွက်လာနိုင်တယ်လို့ အဆိုပါ Leaker ကWeibo မှာရေးထားပါတယ်။ Rumor တွေအရ ဈေးနှုန်းတွေက $300 ကနေ $500 ကြားဖြစ်နိုင်ပါတယ်။

ပေါက်ကြားလာတဲ့ သတင်းတွေအရ Budget Oneplus ဖုန်းတွေမှာ Flat Screen နဲ့အတူ Flagship Chipset ကိုအသုံးပြုလာနိုင်တယ်လို့ ဆိုပါတယ်။ ဘယ် Processor ကိုသုံးမယ်ဆိုတာ အသေးစိတ်မသိရပေမယ့် Gaming နဲ့ Performance ကိုအသားပေးမယ်ဆိုတဲ့အတွက် Powerful ဖြစ်တဲ့ Processor ဖြစ်မှာပါ။

လောလောဆယ်မှာတော့ Oneplus ရဲ့ အဆိုပါ Gaming အသားပေး Flagship Killer ဖုန်း Series အသစ်နဲ့ပတ််သတ်ပြီး အသေးစိတ် မသိနိုင်သေးတာကြောင့် ရောင်းချသွားမယ့် နိုင်ငံတွေ၊ ဈေးနှုန်းနဲ့ Phones Lineup တွေကိုတော့ မသိနိုင်သေးပါဘူး။

Oneplus အနေနဲ့ အရင်တုန််းက နာမည်ကြီး Flagship ဖုန်းတွေနဲ့အပြိုင် Performance ကောင်းတဲ့ ဖုန်းတွေကို Budget ဖုန်းဈေးထားပေးပြီး ဈေးကွက်ထဲမှာ နေရာရခဲ့တဲ့အချိန်တွေကို ပြန်လွမ်းလာပြီထင်ပါတယ်။ Camera ပိုင်းလျော့တာမျိုး၊ IP Certificaiton မပါတာမျိုး၊ Wireless Charging Support ဖြုတ်ထားမျိုးတွေလုပ်ပြီး ကျစ်ကျစ်လစ်လစ်နဲ့ လျော့သင့်တဲ့ Features တွေကို လျော့ပြီး Performance နဲ့ ​Gaming အသားပေး Oneplus တွေကို ဈေးကွက်ထဲမှာ ပြန်မြင်ရမလားဆိုတော့ စောင့်ကြည့်ရမှာပါ။

Ref : Phone Arena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Windows ပေါ်မှာ Android App တွေ စတင်စမ်းသပ်နေတဲ့ Google

Next
Next

League of Legends: Wild Rift မှာ Voice Chat ပြန်လည်ပါဝင်လာ