ဒီဇိုင်းတွေ တီထွင်ဖန်တီးဖို့နဲ့ ဂိမ်းဆော့ဖို့အတွက် မြန်ဆန်ကောင်းမွန်တဲ့ Premium Laptop တစ်လုံးကို ရှာနေတာလာ:

ဒါဆိုရင်တော့ သင်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် Alienware m15 R6 ဆိုတဲ့ Model လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တကယ်တော့ Alienware ကနေ မတူညီတဲ့ အားသာချက်အမျိုးမျိုးနဲ့ Gaming Laptop တွေကို ထုတ်လုပ် ပေးနေတာပဲ ဖြစ်ပါတယ်။ အခု ဒီ Alienware m15 R6 Gaming Laptop လေးကတော့ Users တွေ အတွက် ရည်ရွယ်ကာ အထူးဒီဇိုင်းဆင်ဖန်တီးထားပြီးတော့ Gaming Happens with Intel Core i7 Laptop ကို ထည့်သွင်းတပ်ဆင်ထားပါတယ်။ RAM 16GB ကနေ 32GB အထိ ရရှိနိုင်တဲ့အပြင် 512 ကနေ 1TB MB (HDSSD) Memory အထိ ရရှိနိုင်မှာ ဖြစ်လို့ High-speed Computer တစ်လုံးလို ဖြစ်နေမှာ အမှန်ပါပဲ။ နောက်ပြီး Alienware m15 R6 ဟာဆိုရင် အလေးချိန် 2.42kg ကနေ 2.68kg ကြားပဲရှိပြီး  ပါးလွှာတဲ့အတွက် သယ်ဆောင်ရ လွယ်ကူစေမှာလည်း ဖြစ်ပါတယ်။

ဒီ Laptop ရဲ့ နောက်ထပ်ထူးခြားတဲ့ အချက်ကတော့ Laptop ကို ဘယ်လောက်ကြာကြာသုံးသုံး လွယ်လွယ်နဲ့ Overheat ဖြစ်စေမှာ မဟုတ်ပါဘူး။

Alienware m15 R6 မှာ အသက်အရွယ်မရွေး အသုံးပြုသူတွေဖြစ်တဲ့ Professional Gamer တွေ၊ Level ပေါင်းစုံက Gamer တွေ၊ High Performance ကို အသုံးပြုတဲ့သူတွေ၊ Creator တွေ ကြိုက်နှစ်သက်ကြမယ့် Feature တွေက ဘာတွေဖြစ်မလဲဆိုတော့ -

·        Premium ဆန်ရုံသာမက ခေတ်မီလှပပြီး စတိုင်ကျတဲ့ ဒီဇိုင်းရှိခြင်း

Alienware m15 R6 ကို “Dark Side of the Moon” လို့ခေါ်တဲ့ တစ်မူထူးခြားတဲ့ အရောင်နဲ့ ဖန်တီးထားပြီးတော့ ခြစ်ရာနဲ့ စွန်းထင်းမှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ Clear Coat နဲ့ Silky-Smooth Finish ဖြစ်နေအောင် ဒီဇိုင်းဆင်ထားတာပဲ ဖြစ်ပါတယ်။ နောက်ပြီး AlienFX* နဲ့အတူ ကိုယ့်ရဲ့ Gaming Session ကို Customize လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အပြည့်အဝ စိတ်ကြိုက် Customized လုပ်လို့ရနိုင်မယ့် Lighting System ကနေ သင့် ဂိမ်းဆော့နေတဲ့အချိန်မှာ ‌အမိုက်စား Lighting Effect အပြင် wide RGB spectrum ကို ပေးစွမ်းနိုင်တာကြောင့် ဂိမ်းကို နစ်မျောပြီး ဆော့ကစားစေနိုင်မှာပါ။

·        Strong Engine Power ပါဝင်တဲ့အတွက် System Crash နဲ့ တခြားစက်လေးစေတဲ့ ပြဿနာများအတွက် စိတ်ပူစရာမလိုခြင်း

Alienware m15 R6 ဟာ 360Hz Optional Display ပါဝင်တဲ့ နောက်ဆုံးပေါ် 15” M-series gaming Laptop တစ်လုံး ဖြစ်ပါတယ်။ ဒါကြောင့် အားတဲ့အချိန် ဂိမ်းဆော့တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အကြမ်းစား Battle တွေ ဆိုင်နေတဲ့ အချိန်မျိုးမှာတောင် ချောမွေ့လျင်မြန်စွာ စွမ်းဆောင်နိုင်တဲ့အတွက် ဂိမ်းထဲမှာ ဖြစ်ပျက်သွားတဲ့ အသေးစိတ်လေးကအစ မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

·        Laptop ကို အေးမြနေစေမယ့် နည်းပညာအသစ်ပါဝင်ခြင်း

Alienware Cryo-Tech™ Cooling နည်းပညာကို ဂိမ်းဆော့တဲ့အခါ Gaming Performance ကို Electrical ပိုင်းအရရော၊ Mechanical ပိုင်းအရရော မထိခိုက်စေတဲ့ Engineering Approach နဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြင်းထန်တဲ့ ဂိမ်းတွေဆော့နေတဲ့အချိန်မျိုးမှာတောင် System ကို တည်ငြိမ်နေအောင် ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ရဲ့ Dual Fan Design က Laptop ရဲ့ အပေါ်နဲ့ အောက်ခြေမှာရှိတဲ့ လေဝင်ပေါက်တွေေကနေ လေအေးကို စုပ်ယူပေးပြီးတော့ ဘယ်ဘက်၊ ညာဘက်နဲ့ အနောက်ဘက်မှာရှိတဲ့  အပေါက်တွေကနေ လေပူတွေကို ထုတ်လွှတ်ပေးပြီး Laptop ရဲ့ Core Components နေရာတွေမှာ ပိုပြီးအေးမြနေအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် လေဝင်လေထွက်ကို ကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။

·        ကြီးမားပြီး ကြာရှည်ခံတဲ့ Battery ကြောင့် ဂိမ်းအကြာကြီး ဆော့နိုင်ခြင်း

Screen Refresh Rate 360Hz အထိရှိတဲ့အပြင် လေဝင်လေထွက် အထူးကောင်းမွန်အောင် ဖန်တီးထားတာကြောင့် ဂိမ်းတွေကို အကန့်အသတ်မရှိ ချောမွေ့လျင်မြန်စွာ ဆော့နိုင်မှာပါ။ ဥပမာအနေနဲ့ NVIDIA ® GeForce™ RTX 3080 8GB GDDR6 Graphics Card နဲ့ Gaming Happens with Intel Core i7 Processor တို့ တပ်ဆင်ထားတဲ့ Alienware m15 R6 Laptop နဲ့ League of Legends ဂိမ်းကို ကစားမယ်ဆိုရင် Full HD 1080p နဲ့ တစ်စက္ကန့်ကို Frame Rate 250+ အထိ တွေ့ကြုံခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

·        High Quality Images တွေကို ပေးစွမ်းနိုင်မယ့် ကျယ်ပြန့်တဲ့ Screen ရှိခြင်း

နောက်ဆုံးပေါ် Alienware m15 R6 က Standard Refresh Rate 165Hz အထိ ပါဝင်ပြီး FHD (1920 x 1080) Resolution နဲ့အတူ အလွန်ကောင်းမွန်တဲ့ ရုပ်ထွက်ရရှိနိုင်မှာဖြစ်တဲ့အတွက် မမေ့နိုင်တဲ့ Gaming အတွေ့အကြုံကို အမြဲဖန်တီးပေးနိုင်မှာပါ။

·        အသုံးပြုရလွယ်ကူအောင် ကြီးမားတဲ့ Keyboard ကို အသုံးပြုထားပြီး ညာဘက် Row မှာရှိတဲ့ Volume Key ကိုလည်း ဖိနှိပ်ရလွယ်ကူအောင် ဖန်တီးထားခြင်း

ဒီ Keyboard ရဲ့ ထူးခြားချက်ကတော့ Cherry နဲ့အတူ လက်တွဲပြီး ဖန်တီးထားတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီ Keyboard မှာ Gold-plated Electrical Contact နဲ့ တည်ဆောက်ထားတဲ့ German Engineered Stainless-steel Switches တွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် Keyboard ပေါ်က Keys တွေအားလုံးကို နှိပ်ကြည့်တဲ့အခါ တူညီတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး အကြိမ်ရေ ၁၅ သန်း အထိ Guaranteed Failure နဲ့ Lifecycle ကို အာမခံပေးထားတာကြောင့် Keyboard ပေါ်မှာ စိတ်ကြိုက် Type လို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။

·        Alienware Command Center ကို စဉ်ဆက်မပြတ် Update လုပ်ပေးနေတာကြောင့် Special Function တွေကို ဆောင်ရွက်နိုင်ခြင်း

အခုနောက်ဆုံးထွက်ထားတဲ့ Updated Version မှာတော့ Special Feature တစ်ခုဖြစ်တဲ့ Automate Game လုပ်နိုင်တဲ့ စွမ်းဆောင်ရည်နဲ့ New Reponsive UI ကို ထည့်သွင်းပေးထားပါတယ်။  Power၊ Thermal Management၊ Sound၊ Lighting၊ Macros စတဲ့အရာတွေအတွက် သတ်မှတ်ထားတဲ့ Profiles တွေကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်ဦးမှာပါ။

·        Killer DoubleShot™ Pro လုပ်ဆောင်ချက်ကြောင့် Killer Wireless နှင့် Killer Ethernet interfaces နှစ်ခုလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာဖြစ်ပြီး Wi-Fi နဲ့ Bluetooth ကို အသုံးပြုတဲ့အခါ မြန်ဆန်နေခြင်း

Killer E2600 1G Ethernet က 1 Gbps Traffic ကို ကိုင်တွယ်နိုင်ပြီး Killer Wi-Fi 6 AX1650 က 2.4 Gbps Traffic ကို ထိန်းချုပ်ကိုင်တွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ Alienware m15 R6 laptop ရဲ့ Specifications တွေကို ကြည့်လိုက်ရင် ဝယ်ယူမယ့်သူတွေအနေနဲ့ ပိုက်ဆံထုတ်ဖို့ကို အကြာကြီး တွေးနေစရာ မလိုတော့ပါဘူး။ ဒီ Laptop ရဲ့ စွမ်းဆောင်နိုင်စွမ်း၊ Quality၊ Features တွေနဲ့ ထူးခြာတဲ့ ဒီဇိုင်းက ပေးရတဲ့ဈေးနဲ့ တန်နေပြီလို့ ပြောလို့ရပါတယ်။ ဒါ့ကြောင့် ဒီ Gaming Laptop ကို ဝယ်ယူတော့မယ်ဆိုရင်တော့ ယုံကြည်စိတ်ချရပြီး ကောင်းမွန်တဲ့ Service အပြင် 100% မှန်ကန်တိကျတဲ့ Specs ကို ပေးစွမ်းနိုင်တဲ့ Dell Authorized Resellers ဆိုင်တွေမှာပဲ ဝယ်ယူသင့်ပါတယ်။ နောက်ပြီး Alienware m15 R6 အတွက် Warranty ၃ နှစ် အထိတောင် ပေးထားတာကြောင့် ဝယ်ယူတဲ့အခါ မှန်ကန်တဲ့ Genuine ထုတ်ကုန် ဟုတ်၊ မဟုတ်ကိုတော့ Laptop ပေါ်မှာရှိတဲ့ “Hologram Sticker” ကို စစ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ပြီး Authrzied Reseller ဆိုင်တွေဆီက ဝယ်ယူမယ်ဆိုရင် Defy Boundaries Box Premium၊ Dell Gaming Backpack 17 – GM1720PM နဲ့ Alienware Mouse စတာတွေကို လက်ဆောင်အနေနဲ့ ရရှိဦးမှာဆိုတော့ အရမ်းတန်နေပြီနော်။

 အခြား Dell ထုတ်ကုန်များအကြောင်းကို သိရှိချင်တယ်ဆိုရင် Official Website ဖြစ်တဲ့ www.dell.com ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။ နောက်ပြီး Alienware m15 R6 အကြောင်း ပိုမိုသိရှိချင်တယ်ဆိုရင်တော့ ဒီလင့်ကနေတစ်ဆင့် (https://www.dell.com/en-us/shop/cty/pdp/spd/alienware-m15-r6-laptop#configurations_section)  ဝင်ရောက်လေ့လာနိုင်ပြီး နီးစပ်ရာ Dell Authorized Reseller ဆိုင်တွေကိုတော့ ဒီ Link ကနေတစ်ဆင့် (https://bit.ly/33L99XP) သိရှိနိုင်ပါတယ်။

*AlienFX နဲ့ သင့် Alienware Devices တွေရဲ့ Theme Lighting ကို အရောင်မျိုးစုံနဲ့ Transition Effects တွေကို ရွေးချယ်ပြီး စိတ်ကြိုက်စီမံနိုင်ပါတယ်။

 

Alienware m15 R6 အကြောင်း ပိုမိုလေ့လာရန် - https://dell.to/31Cru8g   

Previous
Previous

Subscriptions စနစ်ပါလာနိုင်တဲ့ TikTok

Next
Next

Windows ပေါ်မှာ Android App တွေ စတင်စမ်းသပ်နေတဲ့ Google