Wikipedia ကို မဘန်းခင် ရုရှားနိုင်ငံသားတွေဟာ offline Wiki Content တွေအသည်းအသန် Download ပြုလုပ်လျက်ရှိ

ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားမှာ သတင်းအချက်အလက်ကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လာပါတယ်။ ရုရှားနိုင်ငံက အင််တာနက်အသုံးပြုသူတွေအနေနဲ့ သူတိို့ရဲ့ အင််တာနက်ပေါ်ကနေ သတင်းအချက် ရယူနိုင်မှု ဟာမကြာခင် အကန့်အသတ်နဲ့ဖြစ်လာတော့မယ်ဆိုတာ သိလာကြပါတယ်။ လောလောဆယ် Meat ပိုင်တဲ့ Facebook နဲ့ Instagram ကို ရုရှားမှာ မတရားအသင်းအဖြစ် ကြေငြာပြီးတဲ့နောက် ရုရှားနိုင်ငံသားတွေရဲ့ စိုးရိမ်မှုတွေ ပိုမိုမှန်ကန်လာတယ်ဆိုတာပါ။ ဒါ့ကြောင့် တစ်ချို့ ရုရှားနိုင်ငံသားတွေအနေနဲ့ နောက်ပိုင်းမှာ အင်တာနက် ပိတ်ဆို့မှုဖြစ်လာနိုင်တဲ့အတွက် Wikipedia စာမျက်နှာတွေကို ဒေါင်းလုပ်ဆွဲတာမျိုးတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

ရုရှား Wikipedia သုံးစွဲသူတစ်ယောက်ကတော့ သူရဲ့ အားလပ်ချိန်တွေမှာ Wikipedia မှာ စာဖတ်လေ့ရှိပြီး Wikipedia လို အချက်အလက်တွေအများကြီးကို အခမဲ့ရနိုင်တဲ့ နေရာတစ်ခု ပိတ်ပင်သွားမှာမလိုလားဘူးလို့ဆိုပါတယ်။ ရုရှားနိုင်ငံအကြောင်း Wikipediaမှာ Download မယ်ဆိုရင် 29GB ခန််ရှိမှာဖြစ်ပြီး ဇန်နဝါရီလနဲ့ယှဥ်ရင် ယူကရိန်းကို ကျူးကျော်ပြီး ဖေဖော််ဝါရီလမှာ ဒေါင်းလုပ်လုပ်သူဟာ 4000% ထိထောင်တက်သွားတယ်လို့ဆိုပါတယ်။ ဒီအချက်အလက်မှန်ကန်ကြောင်းကို Wiki Download လုပ်ရာမှာ ဝန်ဆောင်မှုပေးရတဲ့ Kiwix ကထုတ်ပြန်ပေးထားပါတယ်။ လောလောဆယ် Kiwix ရဲ့ Traffic 42% က ရုရှားကလာတယ်လို့ဆိုပါတယ်။

လူတိုင်းအနေနဲ့ ကိုယ်ကြိုက်တဲ့ ဘာသာစကားနဲ့ Wikipedia ကိုအခမဲ့ Download လုပ်နိုင်ပြီး ရုရှားအစိုးရအနေနဲ့လည်း Wikipedia ကိုအပြီးပိုင် မဘန်းဘူးလို့ မှတ်ယူလို့မရပါဘူး။ ၂၀၁၅ တုန်းက ဆေးခြောက်နဲ့ဆိုင်တဲ့ စာမျက်နှာတစ်ခုကို ဖြုတ်မချလို့ Wikipedia ကို တစ်ရက်တာ ပိတ်ချခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်အနေနဲ့ ကရင်မလင် နန်းတော်နဲ့ပတ််သတ်လို့ မကောင်းကြောင်းပြောသမျှ ဂျာနယ်လစ်နဲ့ သတင်းထောက်မှန််သမျှကို ထောင် ၁၅ နှစ််ထိ ချတာမျိုးဖြစ်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ််တုန်းကလည်း ရုရှား နိုင်ငံသား Top Ten Wikipedia Editor တစ်ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

ရုရှားအနေနဲ့ သတင်းမီဒီယာတွေရဲ့ ဝေဖန်မှုကို ခံနေရပြီး ဆိုင်ဘာတိုက်ခိုက်မှုတွေကိုလည်း လုပ်နေတယ်လို့ ဥရောပနိုင်ငံအချို့ကလည်း ထုတ်ပြန်ထားပါတယ်။ အကျိုးဆက်အနေနဲ့ ကမ္ဘာ့အကြီးဆုံး Social Media Platform တွေက ရုရှားပိုင် Media တွေကို သူတို့ Platform တွေကနေ အသီးသီး ဖယ်ရှားတာမျိုး Service တွေမပေးတော့တာမျိုးတွေ လုပ်လျက်ရှိပါတယ်။

Ref: AndroidPolice

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှု ရံပုံငွေ ယူရို ၃၇ သန်းကို လျှူဒါန်းလိုက်တဲ့ Fortnite

Next
Next

အမေရိကန် အရီဇိုနားပြည်နယ်မှာ ယာဥ်မောင်းလိုင်စင်ကို Apple Wallet ထဲမှာ တရားဝင် သိိမ်းဆည်းအသုံးပြုခွင့်ပေး