အမေရိကန် အရီဇိုနားပြည်နယ်မှာ ယာဥ်မောင်းလိုင်စင်ကို Apple Wallet ထဲမှာ တရားဝင် သိိမ်းဆည်းအသုံးပြုခွင့်ပေး

2021 စက်တင်ဘာတုန်းက Apple အနေနဲ့ အမေရိကန်မှာရှိတဲ့ ပြည်နယ်တော်တော်များများနဲ့ State-issued IDs တွေနဲ့ ယာဥ်မောင်းလိုင်စင်ကို Apple Wallet ထဲမှာ တရားဝင်ထည့်သွင်းသုံးလို့ရအောင် ပြုလုပ်နေပြီလို့ ကြေငြာခဲ့ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာတော့ Apple အနေနဲ့ အရီဇိုးနားမှာ ဒီလုပ်ဆောင်ချက်ကို အသုံးပြုလို့ရပြီလို့ ကြေငြာလိုက်ပါတယ်။

အရီဇိုးနား ID ကို Apple Wallet ထဲထည့်ဖို့ဆိုရင် အလုပ်ရှုပ်စရာမလိုပဲ ID ရဲ့နှစ်ဖတ်လုံးကို Scan ဖတ်လိုက်ပြီးတဲ့နောက်၊ ID ကိုကိုင်ပြီး Selfie ဆွဲရမှာဖြစ််ပါတယ်။ အဲ့တာပြီးတဲ့နောက်မှာတော့ State ရုံးက တရားဝင် Comfirmတာကို စောင့်ပြီးတဲ့နောက် Apple Wallet ကို အသုံးပြုဖို့အဆင်ပြေပြီဖြစ်ကြောင်း စာရတာနဲ့ ချက်ချင်းအသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် လေကြောင်းသွားလာရေးအတွက် ID တောင်းခဲ့ရင် လေဆိပ်မှာ Apple Watch ဒါမှမဟုတ် iPhone ကို အသုံးပြုပြီး အတည်ပြုနိုင်ပြီလို့ဆိုပါတယ်။ i Device တွေကိုသုံးပြီ Comfirm လုပ်ဖို့အတွက် Face ID ဒါမှမဟုတ် Touch ID ကိုသုံးပြီး Comfirm လုပ်တာနဲ့ဖုန်းထဲကဒေတာတွေကို Digitally Share ပြီး လုံခြုံရေးစနစ်က ဓာတ်ပုံတစ်ခုကို ရိုက်ယူထားမယ်လို့ဆိုပါတယ်။

ဒီစနစ်ကို iPhone 8 နဲ့နောက် Model တွေမှာသုံးနိုင်မှာဖြစ်ပြီး iOS 15.4 ကိုတင်ထားဖို့လိုပါမယ်။ Apple Watch ဆိုရင်လည်း Series 4 နောက်ပိုင်း Model တွေ WatchOs 8.4 နောက်ပိုင်း တင်ထားဖို့လိုပါမယ်လို့ ကြေငြာထားပါတယ်။ နောက်ရက်သတ္တပတ်အတွင်း Colorado, Hawaii, Mississippi, Ohio နဲ့ Puerto Rico တို့မှာ သုံးလို့ရတော့မယ်လို့ ဆိုပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Wikipedia ကို မဘန်းခင် ရုရှားနိုင်ငံသားတွေဟာ offline Wiki Content တွေအသည်းအသန် Download ပြုလုပ်လျက်ရှိ

Next
Next

Nothing Phone ဟာ Oneplus ကိုပြိုင်ဖို့ထုတ်တာမဟုတ်ပဲ Apple နဲ့ပြိုင်ဖို့ထုတ်ထားတယ်လို့ဆိို