ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှု ရံပုံငွေ ယူရို ၃၇ သန်းကို လျှူဒါန်းလိုက်တဲ့ Fortnite

Fortnite ဂိမ်းပိုင်ရှင်ဖြစ်တဲ့ Epic Games ဟာ သူ့အနေနဲ့ $50 million ကျော်ကို ကူညီသွားမယ်လို့ဆိုပါတယ်။ ဒီငွေတွေကို လူသားချင်းစာနာထောက်ထားမှု ခေါင်းစဥ်အောက်က ပေးသွားမှာဖြစ်ပါတယ်။ Fortnite အနေနဲ့ 21 March ကနေ April 3 ရက်အတွင်း in-game ကရတဲ့ငွေတွေ၊ Online Purchase တွေကရတဲ့ငွေတွေကို လျှူဒါန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ Xbox အနေနဲ့လည်း Ingame item တွေဝယ်လို့ရလာတဲ့ ပိုက်ဆံတွေကို လျှူဒါန််းသွားမယ်လို့ ဆိုပါသေးတယ်။ ဒီငွေတွေဟာ တစ်ချို့နိုင်ငံတွေ လျှူဒါန်းတဲ့ ပမာဏထက် ပိုများပါလိမ့်မယ်။

Fortnite တရားဝင် Website မှာရေးထားတဲ့ စာသားမှာတော့ အလျှူငွေတွေကို တတ်နိုင်သမျှ မြန်မြန်လွှဲပေးမယ်လို့ ရေးသားထားပါတယ်။

"ကျွန်တော်တို့အနေနဲ့ Ingame ကရလာတဲ့ ပိုက်ဆံတွေနဲ့ Game Partner တွေကရလာတဲ့ ပိုက်ဆံတွေကို ထိုင်စောင့်ရင်ကြာမှာသိလို့ ပိုက်ဆံတွေ ဝင်လာတာနဲ့ ရက်ပိုင်းအတွင်း လွှဲပေးလို့ရအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ Epic Game အနေနဲ့ Unicef, Direct Relief, UN Refugee Agency နဲ့ UN World Food Programme တို့ကိုလည်း ထောက်ပံ့ကူညီလျက််ရှိပါတယ်။

Epic အနေနဲ့ တစ်ခြား ဂိမ်းထုတ်လုပ်သူတွေကိုလည်း သူတို့ပရိသတ်တွေနဲ့အတူတူ ငွေကြေးကူညီလို့ရအောင် ကြားခံကူညီပေးပါသေးတယ်။ Humble Bundle, Necrosoft, PQubeGames အစရှိတဲ့ Game ထုတ်လုပ်သူတွေအနေနဲ့ သူတို့ ဂိမ်းတွေကို Bundle တစ်ခုပြုလုပ်ဖို့ လျှူဒါန်းကြပြီး Epic က ထိုဂိမ်းတွေကို Bundle ပြုလုပ်ပြီး Gamerတွေက Bundle တွေက ပိုတန်လို့ ဝယ်ယူကြတဲ့အခါ အလျှူငွေတွေပိုမိုရတယ်လို့ ဆိုပါတယ်။

တစ်ကမ္ဘာလုံးက IT Digital Sector ပိုင်းအနေနဲ့လည်း ယူကရိန်းဖက်ကို တတ်နိုင်သမျှကူညီမှုတွေရှိနေပြီး Russian Developer တွေကိုယ်တိုင်လည်း ပါဝင်ပြီး ကူညီနေတယ်လို့ ဆိုပါတယ်။ Game တွေကနေ ရရှိတဲ့ ကူညီထောက်ပံ့ရေးငွေတွေဟာ တစ်ချို့နိုင်ငံတွေ ပေးတဲ့ ကူညီငွေတွေထက် ပိုပြီး များနေပါတယ်။

Ref : BBC

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

OPPO မှ “အားသွင်းမြန်ဆန် အသုံးခံ” သည့် A Series အသစ် OPPO A76 ကို မကြာမီ မြန်မာနိုင်ငံတွင် မိတ်ဆက်‌ပေးတော့မည်

Next
Next

Wikipedia ကို မဘန်းခင် ရုရှားနိုင်ငံသားတွေဟာ offline Wiki Content တွေအသည်းအသန် Download ပြုလုပ်လျက်ရှိ