Watch History ပါလာတော့မယ့် TikTok

TikTok အနေနဲ့ Watch History ဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုကို စမ်းသပ်နေပါတယ်။ ဒီလုပ်ဆောင်ချက်မှာ TikTok ကြည့်နေရင်းမှာ Swipe လိုက်လို့ ပျောက်သွားတဲ့ Video တွေကို ပြန်ရှာတဲ့အခါ အရင်လို မခက်ခဲတော့ပဲ ပြန်ကြည့်လို့ရတော့မယ်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ပါလာမယ့်အကြောင်းကို TechChurch ကလည်းအတည်ပြုထားပါတယ်။ နောက်ဆုံးမှာတော့ Refresh လုပ်မိတာပဲဖြစ်ဖြစ်၊ Save မလုပ်မိလိုက်လို့ပဲဖြစ်ဖြစ် ပျောက်သွားတဲ့ Video တွေကို တကူးတက ပြန်ရှာဖို့ မလိုတော့ပဲ အေးအေးဆေးဆေးပြန်ရှာလို့ ရတော့မယ်လို့ဆိုပါတယ်။

Social Media Consultant တစ်ဦးဖြစ်တဲ့ Matt Navarraက Hammond Oh လို့ခေါ်တဲ့ Social Media Expert တစ်ယောက်ရဲ့ Twitter မှာ တင်ထားတာကို ပြန်လဲ Retweet လုပ်ခဲ့ပါတယ်။ Oh ရဲ့ Screenshot ထဲမှာတော့ "Content & Policy" ရဲ့အောက်မှာ "Watch History" ဆိုပြီး ပေါ်လာမယ်လို့ဆိုပါတယ်။

"Watch History" မှာ ဘယ်လိုမျိုးတွေ အသေးစိတ်ပေါ်လာမယ်၊ ဘယ်လိုအနေအထားရှိမယ်ဆိုတာတွေ မသိရသေးသလို အရင်တုန်းက ကြည့်ဖူးတဲ့ Video တွေကိုလည်း မြင်ရနိုင်မလားဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ နာမည်ကြီး The Verge အနေနဲ့ Tik Tok ကိုစာပို့ပြီး မေးထားပေမယ့် ဘာမှမသိရသေးဘူးလို့ ဆိုပါတယ်။

အရင်တုန်းက "Watch History" လုပ်ဆောင််ချက်မပါတဲ့အတွက် ကျွန်တော်တို့အနေနဲ့ မြင်ခဲ့ဖူးတဲ့ Video တစ်ခုခုကို ကြည့်ချင်ရင် ပြန်လိုက်ရှာပြီး အလုပ်တွေရှုပ်ခဲ့ပါတယ်။ ခုလိုမျိုး တစ်ကယ်လို့ ကိုယ်ကြည့်ဖူးတဲ့ Video ကိုကြိုက်လို့ သိမ်ထားချင်ရင် Like လုပ်ပြီးဖြစ်စေ၊ Save ထားပြီးဖြစ်စေ သိမ်းခဲ့ကြရပါတယ်။ ခုလို Watch History ပါလာတဲ့အခါ ပိုပြီးလွယ်လွယ်ကူကူ သိမ်ထားလို့ရမှာဖြစ်ပါတယ်။ အရင်တုန်းကလိုမျိုး Video တစ်ခုကို သိမ်းထားချင်ရင် Video ကို Download ဆွဲပြီး သိမ်ထားတာမျိုး လုံးဝလုပ်စရာမလိုတော့တာပဲဖြစ်ပါတယ်။ Data ရော အချိန်ရော အတော်လေးသက်သာမယ့် Feature ပဲဖြစ်ပါတယ်။

TikTok အနေနဲ့ အနောက်နိုင်ငံဥရောပ နိုင်ငံတော်တော်များများက Ban ခံထားရပေမယ့် လူသုံးများပြီး အတော်လေး အောင််မြင်တဲ့ Social Media တစ်ခုဖြစ်လာနေဆဲဖြစ်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အသစ်ထွက်လာတဲ့ Nvidia GeForce RTX 3090 Ti

Next
Next

ပေါက်ကြားလာတဲ့ OnePlus 10R Specifications