အသစ်ထွက်လာတဲ့ Nvidia GeForce RTX 3090 Ti

ကမ္ဘာ့အမြန်ဆုံး Graphic Card ရောက်ရှိလာပါပြီလို့ ဆိုထားတဲ့ RTX 3090 Ti ဟာ ဈေးအနေနဲ့ကတော့ $1999 ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ကြားထဲမှာ ဘာမှန်းမသိပဲ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ "ကမ္ဘာ့အမြန်ဆုံး GPU" ရောက်ရှိလာပါပြီဆိုတဲ့ စာတန်းနဲ့အတူ Asus, Colorful, EVGA, Gainward, Galax, Gigabyte, INNO3D, MSI, Palit, PNY နဲ့ Zotac စတိုးတွေမှာ ဝယ်ယူလို့ရပြီဖြစ်ကြောင်းကြေငြာထားပါတယ်။ Store တွေနဲ့အပြင် Best Buy ကနေဝယ်လို့ရမယ့် Founders Edition ကိုလည်း ရောင်းချမယ်လို့ Nvidia ကကြေငြာထားပါတယ်။

RTX 3090 Ti မှာ Triple Slot ဖြစ်ပြီး လူတိုင်းမြင်ဖူးတဲ့ RTX 3090 နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီအတိုင်းကြည့်လိုက်ရင် RTX 3090 နဲ့အတူတူပါပဲ။ Nvidia 8nm GA 102 ကိုပဲသုံးထားပြီး 24GB GDDR6X ကိုသုံးထားလို့ 21GB/s သုံးလို့ရနိုင်မယ်လို့ဆိုပါတယ်။ ဒီပမာဏဟာ RTX 3090 မှာသုံးထားတဲ့ VRAM ပမာဏနဲ့အတူတူပါပဲ။ ဒါပေမယ့် 3090 ထက် 7.7 % Memory Clock Speed ပိုမြန်ပြီး Memory Bandwidth 1008GB/s ပိုမြန်မှာဖြစ်ပါတယ်။

RTX 3090 Ti မှာ GPU performance 40 teraflops ထိထွက်မှာဖြစ်ပြီး base clock 1560MHz ထိရမယ်လို့ဆိုပါတယ်။ RTX 3090 Ti မှာ 10,752 CUDA cores, 78 RT-TFLOPs နဲ့ 320 Tensor-TFLOPs တို့ပါဝင်မှာပဲဖြစ်ပါတယ်။

RTX 3090 Ti ဟာ RTX 3090 ထက် 9% ပိုမြန်ပြီး 2080 Ti ထက် 64% ပိုမြန်မှာဖြစ်ပါတယ်။ 3090 Ti ကို Blender, Maya, Cinema4D လိုမျိုး Production ပိုင်းအပြင် Data Scientists တွေနဲ့ တစ်ကယ့် Data သမားတွေအတွက် အထူးရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ Project အကြီးကြီးတွေလုပ်တဲ့ Developerတွေ၊ CG Animator တွေအတွက်တော့ ကွက်တိပဲလို့ဆိုနိုင််ပါတယ်။

RTX 3090 Ti က $1999 ကစလာတဲ့အတွက် Partner Board တွေကတော့ $2000 ကျော်မယ်လို့ ခန့်မှန်းရနိုင်ပါတယ််။ ဒီလို Power ကြီးတဲ့ GPU အတွက် Power လိုအပ်ချက်ကလည််း မသေးပါဘူး။ အနည်းဆုံး 850 W ထွက်တဲ့ Power Supply လိုအပ်မယ်လို့ ဆိုပါတယ်။ GPU က 450 Wအသုံးပြုမှာဖြစ်တဲ့အတွက် တစ်ခြား Power စားမယ့်ကောင်တွေထည့်တွက်ရင် ဒီလောက်သွားကျတာ မဆန်းပါဘူး။ ဒါ့အပြင် 3090 Ti မှာ 16 Pin Connector ကိုသုံးလိုက်တဲ့အတွက် Dongle တစ်ခုကိုလည်း ထည့်ပေးမယ်လို့ဆိုပါတယ်။

Performace အရမ်းမကွာတဲ့အတွက် Game တွေအနေဲ့ RTX 3090 ကနေပြောင်းလာမလားဆို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အမြန်ဆုံး GPU ကိုလိုချင်ရင်တော့ Nvidia GeForce RTX 3090 Ti ကို $1999 နဲ့ဝယ်နိုင်ပြီပဲဖြစ်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အပျောက််စာရင်းသွင်းထားတဲ့ iPhones တွေကို Apple တရားဝင် Stores တွေမှာ ပြင်ပေးမှာမဟုတ်တော့

Next
Next

Watch History ပါလာတော့မယ့် TikTok