ပေါက်ကြားလာတဲ့ OnePlus 10R Specifications

10R မှာ ပထမဆုံး ဝမ််းနည်းစရာကောင်းတာက OnePlus ကိုတစ်ခြားသော Android ဖုန်းတွေကနေ ကွဲပြားစေတဲ့ Alert Slider ပါမလာတော့တာပါပဲ။ OnePlus အနေနဲ့ ဖုန်းအသစ်တွေကိုလာမယ့် လအနည်းငယ်အတွင်းမှာ မိတ်ဆက်သွားဖို့ရှိနေပြီး အဲ့ထဲမှာ OnePlus 10R လည်းပါဝင်ပါတယ််။ Fanအများစုကတော့ OnePlus 10R ဆို Realme ကို Rebrand လုပ်ထားတယ်လို့ ဝေဖန်နေကြပါတယ်။

OnePlus 10R ကို 9R လိုပဲ Budget version အဖြစ်ထုတ်လုပ်သွားမှာဖြစ်ပြီး Market ပိုင်းဆိုင်ရာမှာလည်း တစ်ချို့ Region. တွေကိုပဲ ရောင်းသွားမယ်လို့ဆိုပါတယ်။ သတင်းတွေအရ OnePlus 10R မှာ 150W Charging, 50MP Sony IMX 766 OIS, 6.7 inch 120Hz Amoled တို့ပါဝင်လာမယ်လို့ဆိုပါတယ်။

အရင်တစ်လောက ထွက်ခဲ့တဲ့ Snapdragon 8 Gen 1 သုံးမယ်ဆိုတဲ့သတင်းဟာလည်း မဟုတ်တော့ပဲ MediaTek Dimensity 8100 ကို သုံးမယ်လို့ဆိုပါတယ်။။ Dimensity 9000 သုံးမယ်ဆိုတဲ့ သတင်းလည်း မဟုတ်တော့ကြောင်း သိရပါတယ်။

ဒါ့အပြင် OnePlus 8 Pro တုန်းကပါဝင်ခဲ့တဲ့ Monochrome Sensor လည်းမပါတော့ပဲ Main Camera Sensor အပြင် 8MP Ultrawide, 2MP macro sensor တို့ပဲ ပါဝင်တော့မယ်လို့ပဲသိရပါတယ်။ Selfie Camera အတွက်ကိုတော့ 16MP ကိုသုံးထားတယ်လို့ဆိုပါတယ်။

ဒီ Specs တွေဟာ Realme GT Neo3 နဲ့တစ်ထပ်တည်းတူနေပါတယ်။ ဒါကိုကြည့်ချင်းအားဖြင့် OnePlus အနေနဲ့ Realmeနဲ့ Branding ကို အတူတူလုပ်ဖို့ ရည်ရွယ်ထားသလားလို့ထင်ရပါတယ်။ Design တင််မက 10R မှာ 5,000mAh အပြင် 80W Charging Version ပါထွက်လာဦမလားဆိုတာ စောင့်ကြည့်ရပါမယ်။ OnePlus အနေနဲ့ Marketing Strategy တစ်ဖြည်းဖြည်းနဲ့ ဆိုးလာတယ်လို့ ခံစားရပါတယ်။

OnePlus 10R အနေဲ့ ပထမဆုံး Main Series ထဲက Alert Sliderမပါတဲ့ ဖုန်းဖြစ်လာပါတော့မယ်။ OnePlus လို့ Unique ဖြစ်တဲ့ Feature တစ်ခုပျောက်သွားတဲ့အတွက် စိတ်မကောင်းစရာတော့ ဖြစ်ပါတယ်။ OnePlus အနေနဲ့ နောက််ပိုင််းမှာ Hardware ပိုင်းဆိုင်ရာ အတော်လေးကို လျော့ချနေပါတယ်။ OnePlus ဖုန်းတွေအနေနဲ့ ဘယ်ဖက်ကပ်ရက်မှာ Punch-hole Camera ထည့်ပေမယ့်နောက်ပိုင်းမှာ Screen အလည်တည့်တည့်ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Watch History ပါလာတော့မယ့် TikTok

Next
Next

realme 9i ကို မတ်လ (၂၅) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ စတင်ရောင်းချပေးခဲ့ရာ ကြိုတင်မှာယူသူများ,များပြားမှုကြောင့် စိတ်ဝင်စားမှုပိုမိုမြင့်တက်လျက်ရှိ