Warcraft Mobile Version ထွက််လာမယ်လို့ အတည်ပြုလိုက်တဲ့ Blizzard

ဒီနေ့ပြုလုပ်သွားတဲ့ Activision Blizzard ရဲ့ အပတ်စဥ် ဂိမ်း Report တွေအပြင် ကျင်းပနေကျပုံစံမဟုတ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု ပါဝင်ခဲ့ပါတယ်။ ( Microsoft ကဝယ်လိုက်လို့ သတင်းစာရှင်းလင်းပွဲလုပ်သလိုပုံစံဖမ်းထားကြောင်း ) တစ်ကယ်တော့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ပြောကြားခဲ့တာကတော့ Blizzard အနေနဲ့ Warcraft Mobile Version ထုတ်ဖို့ စီစဥ်နေကြောင်းဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ အချက်အလက်တွေအရ Blizzard အနေနဲ့ ၂၀၂၂ အတွင်းမှာ Warcraft Franchise ကို Mobile Gamer တွေလက်ထဲ ထည့်ပေးဖို့ စဥ်းစာထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Story အသစ်တွေ၊ ပိုကောင်းတဲ့ Lore တွေလည်းပါဝင်လာမယ်လို့ ဆိုပါတယ်။ ဘာတွေပါလာမယ်၊ ဘယ်အချိန်အတိအကျ ထွက်လာမယ်ဆိုပြီး ဂိမ်းအကြောင်း အဓိကအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ သေချာတာတစ်ခုကတော့ အများစု မျှော်လင့်တဲ့ Warcraft ဟာ Mobile ပေါ်ကို ရောက်လာတော့မှာဖြစ်ပါတယ်။

Activision အနေနဲ့ Warcraft Mobile ကို ဒီနှစ်ထဲမှာထုတ်ဖို့ စီစဥ်တာ နဲနဲတော့ အံ့သြစရာကောင်းပါတယ်။ Diablo Immortal ဆိုတဲ့ Gameကို သူတို့အနေနဲ့ 2018 ကတည်းက Development လုပ်နေပြီး 2022 မှာထုတ်ဖို့ စီစဥ်ထားတာလည်း ရှိနေပါသေးတယ်။ ဒီလိုမျိုး Game တွေဆက်တိုက် ထုတ်နေခြင်းမှာ Overwatch 2 တုန်းက သင်ခန်းစာကောင်းကောင်း ရသွားတယ်ထင်ပါတယ်။ ဒါ့အပြင် Warcraft Mobile ကို Diablo Immortal လောက် Development အချိန်မယူထားသလို ဈေးလည်း အများကြီး မတင်ပဲရောင်းမယ်လို့ ခန့်မှန်းရပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် Warcraft Mobile နဲ့ Survival Game အသစ်တစ်ခုကို ခုလို အမြန်ထုတ်ပေးဖို့ ကြံစဥ်ထားတယ်ဆိုတာ Microsoft Overlords နဲ့တောင် ယှဥ်ဖို့ကြံစဥ်ထားသလားလို့ ထင်ရနိုင်ပါတယ်။

တစ်ဖက်မှာလည်း Legacy Game အကြီးကြီးတွေ Mobile ပေါ်ကို ရောက်လာတာကို မကြိုက်တဲ့ Player တွေကလည်း သပ်သပ်ရှိနေပါသေးတယ်။ Multiplayer Mode တွေမှာ Mobile Player တွေနဲ့ PC Player တွေကို အတူတူဆော့စေတာဟာ Game အရသာ ပျက်စေပြီး Toxic Environment ဖြစ်တယ်လို့ PC Player တွေအတော်များများက လက်ခံထားပါတယ်။ ဒါ့ကြောင့်မို့ PC ကနေ Mobile Version ကို ပြောင်းလာတဲ့ Game တော်တော်များများက နောက်ဆုံးမှာတော့ Server ခွဲပေးလိုက်ပါတယ်။ PUBG Mobile မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို တစ်ခြား Game Company တွေအနေနဲ့ သင်ခန်းစာကောင်းကောင်းယူလိုက်တယ်လို့ ထင်ပါတယ်။ Warcraft Mobile မှာလည်း Game Environment နဲ့ Performance ကို ဘယ်လိုထိန်းထားမယ်ဆိုတာ စောင််ကြည့်ရမှာဖြစ်ပါတယ်။

တစ်ဖြည်းဖြည်းနဲ့ PC Game တွေ Mobile ပေါ်ကို ရောက်လာတာဟာ အကောင်းရော၊ အဆိုးရော ဒွန်တွဲနေပါတယ်။ အကောင်းဖက်ကတော့ လူတိုင်း Game ကောင်းကောင်းရဲ့ အရသာကိုခံစားနိုင်လာပြီိး ငွေကြေးအများကြီး မကုန်ပဲ High End Game တွေဆော့နိုင်တာဖြစ်ပါတယ်။ မကောင်းတာကတော့ Game Environment ပျက်စီးသွားတာမျိုးနဲ့ Game တွေနဲ့လိုက်မယ့် Specification မြင့်တဲ့ဖုန်းတွေ ဆက်တိုက်ထွက်လာတာဖြစ်ပါတယ်။ Game တွေအနေနဲ့ အချိန်နဲ့အလိုက် အပြိုင်အဆိုင် ထုတ်လုပ်ရတာဖြစ်တဲ့အတွက် Hardware Optimization ကိုကောင်းကောင်း အာရုံမစိုက်နိုင်ပဲ Graphic နဲ့ Storyline ကိုအသားပေးရတာများလာပါတယ်။ ဒါကြောင့်မို့ တစ်နှစ်လောက်ပဲ ကြာသေးတဲ့ဖုန်းဟာ နောက်ဆုံးထွက် Game တွေဆော့ဖို့ အစဥ်မပြေဖြစ်လာတာမျိုး ကြားလာရတာဖြစ်ပါတယ်။


Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone ရဲ့ Privacy အပြောင်းအလဲကြောင့် 10 ဘီလီယံ ဆုံးရှုံးခဲ့ရတယ်လို့ Apple ကိုအပြစ်တင်လိုက်တဲ့ Facebook

Next
Next

MIUI 13 အိန္ဒိယမှာ စတင်ထွက်ရှိ