iPhone ရဲ့ Privacy အပြောင်းအလဲကြောင့် 10 ဘီလီယံ ဆုံးရှုံးခဲ့ရတယ်လို့ Apple ကိုအပြစ်တင်လိုက်တဲ့ Facebook

Facebook ရဲ့မိခင် ကုမ္ပဏီဖြစ်တဲ့ Meta က ဒီနှစ်မှာ Apple ရဲ့ Privacy အပြောင်းအလဲကြောင့် 10 ဘီလီယံလောက်ဆုံးရှုံးသွားခဲ့ရတယ်လို့ Business insider ရဲ့အဆိုအရသိရပါတယ်။ Apple ရဲ့ပြောင်းလဲမှုသေးသေးလေးက Meta အတွက်တော့တော်တော်လေးအထိနာသွားရပါတယ်။ဒါဟာ Platform owner ရဲ့သက်ရောက်မှုဟာ ဘယ်လောက်ပြင်းထန်လဲဆိုတာမီးမောင်းထိုးပြလိုက်တဲ့အတိုင်းပါပဲ။ April 2021 မှာ Apple က Privacy လုပ်ဆောင်ချက်အသစ်အနေနဲ့ App တွေကို Track လုပ်ခွင့်မလုပ်ခွင့် User တွေကိုရွေးချယ်ခွင့်ပေးခဲ့ပါတယ်။အဲ့တော့ Apple ကခင်းလိုက်တဲ့လမ်းကိုလျှောက်ခဲ့တဲ့ User တွေကြောင့် Meta CFO David Wehner က Facebook ရဲ့ ကြော်ငြာဝင်ငွေတွေ အများကြီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။

အဲ့‌တော့ IOS ရဲ့ ရိုက်ခဲ့မှုကြောင့် Facebook ရဲ့စီးပွားရေးလုပ်ငန်းအများစုဟာ 2022 မှာ 10 billion လောက်ဆုံးရှုံးခဲ့တယ်လို့ ဗုဒ္ဗဟူးနေ့မှာပြောကြားခဲ့ပါတယ်။

Meta ရဲ့ အဓိက ငွေရ‌ပေါက်ဟာ ကြော်ငြာတွေလုပ်ငန်းမှဖြစ်ပါတယ်။ Social platform တွေဖြစ်တဲ့ Facebook, Instagram နဲ့ WhatsApp တို့ဆီကနေ အသုံးပြုသူရဲ့အချက်အလက် Database ကြီးပေါ်မှာတည်ဆောက်ထားတာပဲဖြစ်ပါတယ်။အဲ့တော့ Apple က User တွေကို တခြား App တွေအချင်းချင်း Track လုပ်ခွင့်မလုပ်ခွင့်ကို User တွေကိုရွေးချယ်ခွင့်ပေးလိုက်တော့ ကြော်ငြာဖို့ Data တွေကို ရယူပိုင်ခွင့် App တွေအနေနဲ့ဆုံးရှုံးသွားပါတယ်။ IOS 14.5 မှာထွက်လာခဲ့တဲ့ ဒီ Option က Apple user တွေကို Track တဲ့ App တွေထဲဝင်လိုက်တာနဲ့ Pop up လေးနဲ့ တတ်လာပြီး Track လုပ်ခွင့်ပေးမှာလားမပေးဘူးလားဆိုတာ User တွေကိုမေးပါတယ်။ Track လုပ်ခွင့်မပေးဘူးဆိုရင်တော့ Apple အနေနဲ့ ကြော်ငြာသူတွေသုံးတဲ့ Data တွေကို App တွေ Track လုပ်ချင်းမှပိတ်ချပလိုက်ပါတယ်။iPhone အသုံးပြုသူတွေရဲ့ 95% လောက်က App တွေအနေနဲ့ Track လုပ်ခွင့်ကိုပိတ်ထားကြတယ်လို့ Flurry ရဲ့သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။

နောက်ပြီး Facebook ရဲ့အသုံးပြုပမဏကျဆင်းလာခြင်းဟာ Meta ရဲ့ အစုရှယ်ယာစျေးကွက်ကို 25% လောက်ထိုးဆင်းသွားစေခဲ့ပြီးတစ်ညထဲမှာပဲစျေးကွက်တန်ဖိုးဟာ 230 billion လောက်ဆုံးရှုံးခဲ့ရပါတယ်။

Ref: Business insider

Author: Hein Htet

Previous
Previous

မဖြစ်နိုင်သောမိတ်ဆက်မှုငါးမျိုးကိုမျှော်လင့်နိုင်တဲ့ 9 ရက်နေ့ Galaxy Unpacked ပွဲ

Next
Next

Warcraft Mobile Version ထွက််လာမယ်လို့ အတည်ပြုလိုက်တဲ့ Blizzard