MIUI 13 အိန္ဒိယမှာ စတင်ထွက်ရှိ

MIUI 13 ကို အိန္ဒိယမှာ တရားဝင် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ India Region မှာဒီ Update ကိုစောင့်နေကြတဲ့ အသုံးပြူသူပေါင်း သန်းနဲ့ချီရှိပါတယ်။ ကမ္ဘာတစ်ဝှမ်း ဒီ Update ကို စောင့်နေကြတဲ့လူပေါင်းကတော့ သန်း ၅၀၀ ခန့်ရှိပြီး တော်တော်များများက December 2021 ကတည်း ထွက်ဖို့ မျှော်နေကြတာဖြစ်ပါတယ်။ ဒီ Update မှာတော့ Performance ကိုဦးစားပေးပြီး UI ပိုင်းဆိုင်ရာတွေ ထပ်ပြောင်းလာသလို MIUI 12 နောက်ပိုင်း UI အပြောင်းအလဲအကြီးကြီး တစ်ခုဖြစ်ပါတယ်။

ဒီတစ်ခေါက် UI အပြောင်းအလဲမှာတော့ UI ကိုပိုပြီး ရှင်းလင်းလာစေဖို့ရယ်၊ ပါဝါစားသက်သာစေဖို့ရယ်ကို ဦးစားပေးထားတယ်လို့ဆိုပါတယ်။ ဒီထဲကမှ File Storage System ကိုပိုမြန်လာအောင်၊ ပိုကောင်းအောင် လုပ်ပေးထားခြင်းဖြစ်ပါတယ်။ ဖုန်းအသုံးပြုပြီး ၂ နှစ်ကျော်ထိ Read/Write File System Speed ကို မကျသွားပဲ ထိန်းထားပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ Xiaomi ကနေပြောကြားခဲ့တာကတော့ တစ်ခြား ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Xiaomiလောက် ဖုန်း Storage ပိုင််းကို ဂရုမစိုက်ဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် တစ်ခြားဖုန်းတွေမှာ အသုံးပြုပြီး ၃ နှစ်ခန့်အတွင်း Storage Read/Write Speed ထက်ဝက်ထိ ကျဆင်းသွားပြီး Xiaomi မှာတော့ ခုလိုမဖြစ်ဘူးလို့ ဆိုပါတယ်။

နောက်တစ်ခုကတော့ RAM Optimization ဖြစ်ပါတယ်။ ဖုန်းတစ်ခုရဲ့ Process တွေဘယ််လောက် ထိန်းထားနိုင်တယ်ဆိုတာ RAM Management လည်းလိုအပ်ပါတယ််။ MIUI 13 မှာ RAM ကို 40% ထိမြှင့်တင်ပေးနိုင်မယ်လို့ဆိုထားတာကြောင့် အရင်ကထက် Multi-tasking ပိုကောင်းလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ Xiami မှာ Processor Priority Optimization လို့ခေါ်တဲ့ စနစ်တစ်ခုပါဝင်ပြီး နောက်ကွယ်မှာ App တွေကို ကောင်းကောင်း ထိန်းချုပ်ပေးထားနိုင်မယ်လို့ ဆိုပါတယ်။

နောက်ဆုံးတစ်ခုကတော့ ပုံမှန်ထက် Battery ကို 10% ပိုကြာစေနိုင်မယ့် Smart Balance Mode ကိုလည်း ထည့်သွင်းပေးမယ်လို့ ဆိုပါတယ်။

ဒါတွေအားလုံးအပြင် MIUI 13 မှာ Visual ပိုင်းအရ Beauty of Science ဆိုတဲ့ အဖွဲ့အစည်းနဲ့ပူးပေါင်းပြီး တော်တောာ်လေးမိုက်တဲ့ Wallpaper တွေ ထည့်ပေးလိုက်တာပါ။ Wallpaper တွေကို အရာဝထ္တုပေါင်းစုံ ပုံဆောင်ခဲဖြစ်သွားပုံတွေကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် MIUI 12 တုန်းကလိုပဲ ဖုန်းတွေအကုန်လုံးမှာတော့ Wallpaper တွေအကုန်ပါဝင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖုန်း Generation အဟောင်းတွေအနေနဲ့တော့ Static Wallpaper အသစ်တွေ ရရှိနေနိုင်ဦးမှာပါ။

ဒါ့အပြင် Widget တွေအနေနဲ့လည်း Sidebar Feature အသစ်ပါဝင်လာပြီး Sidebar ကနေ ကိုယ့်ရဲ့ Favourite App တွေနဲ့ တစ်ခြား Feature တွေကို အသုံးပြုနိုင်မှာပါ။ စာဖတ်နေရင်းနဲ့ Note ကိုဖွင့်လိုက်ရင် ချက်ချင်း Note ရေးလို့ရတာမျိုးတွေက ဖုန်းအသုံးပြုသူတွေအနေနဲ့ အဆင်ပြေနိုင်မယ့် Features တွေပဲဖြစ်ပါတယ်။

လောလောဆယ် အိန္ဒယမှာ MIUI 13 ကို Flagship ဖုန်းတွေနဲ့ လောလောဆယ်ထွက်ထားတဲ့ ဖုန်းတွေမှာ စတင်ရရှိနေပြီး ကျန်တဲ့ ဖုန်းတွေကတော့ Qualcomm 2022 ပွဲမတိုင်ခင်ရရှိမှာဖြစ်ပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Warcraft Mobile Version ထွက််လာမယ်လို့ အတည်ပြုလိုက်တဲ့ Blizzard

Next
Next

Instagram, Messenger နဲ့ Facebook Stories မှာ 3D avatars ထည့်သွင်းပေးလိုက်တဲ့ Meta