စာသားတွေကို သံစဥ်အဖြစ် ပြောင်းပေးနိုင်မယ့် Google ရဲ့ AI အသစ်

Google Researcher တွေအနေနဲ့ မိနစ်များစွာကြာတဲ့ စာသားတွေကို သံစဥ်တွေ၊ ဒါမှမဟုတ် လေချွန်သံ၊ သံစဥ်ငြီးသံအဖြစ်ပြောင်းပေးနိုင်တဲ့ AI တစ်ခုကို Develop လုပ်နေတယ်လို့ဆိုပါတယ်။ ဒါဟာ DALL-E ဟာစာသားတွေကို ပုံတွေအဖြစ် ပြောင်းတာနဲ့ နည်းလမ်းအတူတူပဲလို့ဆိုပါတယ်။ အဆိုပါ AI Model ကို MusicLM လို့ခေါ်ပါတယ်။

စမ်းသပ်ပြထားတဲ့ Video ထဲမှာတော့ ရေးပေးလိုက်တဲ့ စာသားတွေကို သီချင်း Genre, Vibe နဲ့ အသုံးပြုရမယ့် Instruments တွေကိုပါ အသေးစိတ်ရေးပေးလိုက်တဲ့အခါ လိုချင်တဲ့ Result ကိုအတော်လေး စိတ်ကျေနပ်ဖို့ကောင်းအောင် ထုတ်ပေးနိုင်လိုက်ပါတယ်။ ဒါအပြင် သီချင်းတွေတင်မဟုတ်ပဲ သံစဥ်တွေကိုလည်း Customized လုပ်ပြီးခိုင်းနိုင်ပါသေးတယ်။ ဥပမာ -

-ဂိမ်းထဲမှာ ကြားရတတ်တဲ့ Electronic Song အသံ

-မြစ်ဘေးမှာတရားထိုင်ဖို့အတွက် ရေစီးသံ

-မီးရှုးမီးပန်းဖောက်သံ

အစရှိတဲ့ အသံတွေကိုလည်း ဖန်တီးခိုင်းနိုင်ပါသေးတယ်။

ဒါ့အပြင် MusicLM ဟာ လူ့အသံတွေကိုလည်း အတုပြုလုပ်နိုင်ပါသေးတယ်။ ဥပမာ စာကြောင်းတစ်ခုကို British အသက် ၅၀ အရွယ် အမျိုးသမီး အသံထွက်နဲ့ ရွတ်ပြပါ ဆိုတာမျိုးဖြစ်ပါတယ်။ တစ်ကယ်လို့သာ နောက်ပိုင်းမှာ Dataset တွေပေါလာလို့ AI တွေပိုကောင်းလာရင် ဒီလုပ်ဆောင်ချက်တွေဟာ အတော်လေးအန္တရာယ်များလာနိုင်တဲ့ အခြေအနေရှိမလားဆိုတာ စောင့်ကြည့်ရပါမယ်။ လောလောဆယ်မှာတော့ Google အနေနဲ့ Music-Text Pair ၅၅၀၀ ခန့်ပါဝင်တဲ့ Beta Release လုပ်ထားပြီး မကြာခင် Public Release လုပ်မယ်လို့ ခန့်မှန်းရပါတယ်။

Ref : The Verge

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ရုရှားနဲ့ပတ်သတ််ခြင်းမရှိသလို လူမွဲစာရင်းကြေငြာတာနဲ့ပတ်သတ်လို့ ငြင်းဆိုနေတဲ့ 1xbet

Next
Next

အမေရိကန်ရဲ့ တရုတ်အပေါ် Chips Ban ဂျပန်နဲ့ နယ်သာလန်ပါဝင်လာနိုင်