အမေရိကန်ရဲ့ တရုတ်အပေါ် Chips Ban ဂျပန်နဲ့ နယ်သာလန်ပါဝင်လာနိုင်

အမေရိကန်သမ္မတ Joe Biden ရဲ့ဆုံးဖြတ်မှုအရ တရုတ်စစ်တပ်အတွက် AI နဲ့ Machine Learning လုပ်ဖို့အတွက် လိုအပ်တဲ့ Semiconductor ထုတ်လုပ်ရေးပစ္စည်း ရောင်းချမှုပိတ်ဆို့ရေးကို ဂျပန်နဲ့နယ်သာလန်လည်း ပါဝင်လာနိုင်ပါတယ်။ တရုတ်စစ်တပ်အနေနဲ့ Semiconductor တွေကို စစ်တပ်အတွက်အသုံးမပြုနိုင်အောင်အတွက် အမေရိကန်ကပိတ်ဆို့မှုမှာ ဖုန်းထုတ်လုပ်ရေးပိုင်းကိုလည်း ထိလာနိုင်ပါတယ်။

နယ်သာလန်နိုင်ငံ ASML Holding အနေနဲ့ တရုတ်နိုင်ငံအတွက် Chip ထုတ်လုပ်ရေးအတွက်လိုအပ်တဲ့ စက်ပစ္စည်းတွေရောင်းချခြင်းပြုလုပ်မှာမဟုတ်သလို၊ ဂျပန်အစိုးရအနေနဲ့ Nikon Corportion ကိုတရုတ်နိုင်ငံအတွက် စက်ပစ္စည်းရောင်းချမှု ကန့်သန့်သွားမယ်လို့ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ Chips ထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ US ဈေးကွက်ကိုပိတ်ထားခဲ့ရင် ပြိုင်ဖက်တွေဈေးကွက်တွေက နေရာရသွားခဲ့မှာမို့ တစ်ခြားနိုင်ငံတွေပါဝင်လာအောင် US ကလှုံ့ဆော်နေတာဖြစ်နိုင်တယ်လို့ သတင်းတွေကဖော်ပြပါတယ်။

အဆိုပါပိတ်ဆို့မှုတွေကြောင့် ဟောင်ကောင်ဈေးကွက်မှာ မသိသာသေးပေမယ့်၊ Mainland China ရဲ့အကြီးဆုံးဖြစ်တဲ့ Hua Hong Semiconductor ရဲ့ရှယ်ယာတစ်ချို့တော့ဈေးတွေစတင်ကျသွားခဲ့ပြီးဖြစ်ပါတယ်။

ASML ရဲ့ CEO ဖြစ်တဲ့ Peter Wennink ကတော့ US အနေနဲ့အခုလိုအတင်းပိတ်ဆို့မှုတွေပြုလုပ်တာဟာ တရုတ်နိုင်ငံအတွက် ပိုမိုဖိအားဖြစ်လာစေပြီး ကိုယ်ပိုင်နည်းပညာနဲ့ Advanced Gear တွေထွက်လာနိုင်တာမို့ ဂရုထားဖို့မှတ်ချက်ပေးခဲ့ပါတယ်။

Ref : GSMArena, Bloomberg

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စာသားတွေကို သံစဥ်အဖြစ် ပြောင်းပေးနိုင်မယ့် Google ရဲ့ AI အသစ်

Next
Next

ကမ္ဘာတစ်ဝှမ်းရှိ Microsoft Service များ ရပ်တန့်ပြတ်တောက် မှုများဖြစ်ပေါ်ခဲ့