ရုရှားနဲ့ပတ်သတ််ခြင်းမရှိသလို လူမွဲစာရင်းကြေငြာတာနဲ့ပတ်သတ်လို့ ငြင်းဆိုနေတဲ့ 1xbet

ပြီးခဲ့တဲ့လ ဇန်နဝါရီလ ၂၀ ရက်နေ့လောက်ကစလို့ အင်တာနေရှင်နယ်မှာရော၊ မြန်မာနိုင်ငံအတွင်းမှာပါ ပြန့်နှံ့နေတဲ့ 1xbet ဟာ နယ်သာလန်နိုင်ငံမှာ ပိုက်ဆံကိစ္စအရှုပ်အရှင်းတွေနဲ့ လူမွဲစာရင်းခံသွားပြီဖြစ်ကြောင်း ကြေငြာတဲ့သတင်းတွေ စတင်ပြန့်နှံ့ခဲ့ပါတယ်။ 1xBet ကတော့ ဒီကိစ္စကို မီဒီယာတွေဖိတ်ပြီး ငြင်းဆိုတဲ့အထိ ဖြေရှင်းနေပါတယ်။

ဖြေရှင်းနေပေမယ့် Online မှာရော၊ သတင်းမီဒီယာတွေရောမှာပါ နယ်သာလန်နိုင်ငံမှာရှိတဲ့ လောင်းကစားသူတွေထံကို လျော်ကြေးပေးဖို့ငြင်းဆိုရင်း တရားရုံးမှာ လူမွဲစာရင်းအဖြစ် ခံယူလိုက်ကြောင်း ဖော်ပြနေပါတယ် လျော်ကြေးအဖြစ်ပေးဖို့ကလည်း ယူရိုသန်းနဲ့ချီတယ်လို့ သိရပါတယ်။ ဒါပေမယ့် နိုင်ငံတစ်ကာမှာရော၊ မြန်မာနိုင်ငံမှာပါ 1xBet ကအလုပ်ဖြစ်နေဆဲဖြစ်သလို ဘောလုံးအသင်းတွေ၊ Esports Gaming Team တွေနဲ့ Partners လုပ်ထားတဲ့အဖွဲ့အစည်းတွေဖက်က ထုတ်ပြန်ချက်တော့ မကြားရသေးပါဘူး။

နောက်ဆက်တွဲအနေနဲ့ 1xBet ဟာရုရှားနိုင်ငံအခြေဆိုက်ဖြစ်တယ်လို့ ဝိုင်းဝန်းစွပ်စွဲကြတဲ့အပေါ်မှာ ဖြေရှင်းချက်ထုတ်ထားပါတယ်။ 1xBet ဟာ အရှေ့မြေထဲပင်လယ်နိုင်ငံတစ်ခုဖြစ်တဲ့ဆိုက်ပရပ်နိုင်ငံအခြေဆိုက်ဖြစ်ကြောင်းနဲ့ လောလောဆယ်မှာ ဘီလားရုစ်နဲ့ ရုရှားမှာ 1xBet ကိုတရားဝင်ပိတ်ပင်ထားကြောင်း ကြေငြာချက်ထုတ်ထားပါတယ်။

Ref : EplayAfrica

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

GMC နဲ့ ပေါင်းပြီး လျှပ်စစ်ကားထုတ်လုပ်ဖို့ စိတ်ဝင်စားနေတဲ့ Netflix

Next
Next

စာသားတွေကို သံစဥ်အဖြစ် ပြောင်းပေးနိုင်မယ့် Google ရဲ့ AI အသစ်