vivo၏ နောက်ဆုံးထွက် ပါးလွှာပြီး ခေတ်မီသည့် Y33sအသစ်ကို မြန်မာနိုင်ငံတွင် ကြိုတင်မှာယူနိုင်ပြီ

ကမ္ဘာကျော်စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သောvivoမှ လူငယ်များအတွက် အထူး ထုတ်လုပ်ထားသည့် Y series အသစ် Y33s ကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်၍ ၁၇ ရက်အထိ ကြိုတင် Booking တင်ပြီး မှာယူနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ Y33s သည် ၆.၅၈ လက်မ FHD+ in-cell display၊ အားကောင်းသော ကင်မရာ၊ 8.0mm အထူသာရှိသည့်အတွက် ပေါ့ပါးပြီး ဖက်ရှင်ကျသော ကိုယ်ထည်နှင့်အတူ ပရီမီယံဆန်သည့် ခံစားချက်များကို ရရှိစေမည်ဖြစ်ကာ သာလွန်ကောင်းမွန်သည့် အသုံးပြုသူ အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်အတွက် အထူး ဒီဇိုင်းထုတ်ထားသော စမတ်ဖုန်းတစ်လုံးဖြစ်သည်။




Y33s ကို ကြိုတင်မှာယူချင်သော Customer များသည် နီးစပ်ရာ vivo showroom သို့မဟုတ် vivo ကောင်တာများတွင် ၃၀,၀၀၀ ကျပ်သာ ပေးသွင်း၍ ကြိုတင် Booking လုပ်နိုင်ပြီး ကျန်ရှိသောပမာဏကို စမတ်ဖုန်းရရှိသည့် အချိန်တွင် ပေးချေ နိုင်မည်ဖြစ်သည်။ ကြိုတင် Booking ပြုလုပ်ထားသော Customers များသည် ၎င်းတို့၏ Pre-order Card သို့မဟုတ် ဘောက်ချာများကို ပြသပြီး ဆုမဲလက်ဆောင်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ 

 

vivo Y33s အသစ်တွင် Rear Camera ကို vivo ၏ ထူးခြားချက်ဖြစ်သော Dual-Tone Stepအတွင်း အံဝင်ခွင်ကျဖွဲ့စည်းထားပြီး High-definition ဓာတ်ပုံများကို ရိုက်ကူးနိုင်မည့် 50MP Rear Camera ပါဝင်သည်။ ဉာဏ်ရည်ထက်မြက်သော ရိုက်ကူးမှုလုပ်ဆောင်ချက်များစွာဖြင့် ပေါင်းစပ်ထားသည့် 50MP Triple Camera စနစ်ထည့်သွင်းထားခြင်းကြောင့် ဓာတ်ပုံများကို ပိုမိုကြည်လင်ပြတ်သားစေပြီး ဘဝ၏ အကောင်းဆုံး အခိုက်အတန့်များ ရိုက်ကူးရာတွင် Zoom ချဲ့ခြင်း သို့မဟုတ် Crop ပြုလုပ်ခြင်းတို့ကိုလည်း လွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ Y33s တွင်18W Fast Charging နှင့်အတူ ကြီးမားသည့် 5000mAh Battery ပါ၀င်ပြီး စမတ်ဖုန်းကို လျင်မြန်စွာ အားသွင်းနိုင်သောကြောင့် သုံးစွဲသူများကို အချိန်များစွာ သက်သာစေသည့်အပြင် စမတ်ဖုန်းအား Mobile Power Bank အဖြစ် ပြောင်းလဲပေးသည့် reverse charging လုပ်ဆောင်ချက်ကိုလည်းထည့်သွင်းပေးထားသည်။

 

ထို့အပြင် Y33sတွင် Extended RAM 2.0 နှင့်အတူ 8GB +4GB RAM ပါဝင်ပြီး လွတ်နေသည့် ROM space များကို RAM အဖြစ် အသုံးပြုနိုင်သည့်အတွက် အသုံးပြုသူများအတွက် အက်ပလီကေးရှင်းများကြား ချောမွေ့စွာ ကူးပြောင်းစေသည်။ Helio G80Processor +128GB ROM (Expandable up to1TB) သည် ယခင် vivo စမတ်ဖုန်းများထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ပြီး Y33s အသစ်ကို ထင်ရှားပေါ်လွင်စေသည်။

 

vivo Mobile Myanmar ၏ CEO ဖြစ်သည့် Mr.NelsonNi မှ “Y Series တွေကတစ်ဆင့် ကျွန်တော်တို့ဟာ Customer တွေနဲ့၊အထူးသဖြင့် စျေးနှုန်းသက်သက်သာသာနဲ့ အဆင့်မြင့်နည်းပညာတွေကို ရှာဖွေနေတဲ့ လူငယ်တွေအတွက် အပြန်အလှန် ဆက်သွယ်ဖို့ အခွင့်အရေးကို ရခဲ့ပါတယ်။ Y33s ဟာ ထူးခြားတဲ့ ကင်မရာအရည်အသွေးတွေ၊ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကြီးမားတဲ့ Storage တွေပါဝင်ထားတဲ့ All-in-one စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ အခု စမတ်ဖုန်းအသစ်ဟာဆိုရင် ငယ်ရွယ်ပြီး ခေတ်မီတဲ့ လူငယ်တွေအတွက် သူတို့ရဲ့ နေ့စဉ်နေထိုင်မှုပုံစံအတွင်းမှာ အသုံးပြုနိုင်ဖို့အတွက် ဒီဇိုင်းထုတ်လုပ်ပေးထားတာပါ။ Y Series တွေဟာ အကောင်းဆုံး User Experience တွေကို ပေးနိုင်ဖို့အတွက် နည်းပညာပိုင်းကိုလည်း အားလျှော့ထားခြင်းမရှိသလို စျေးနှုန်းပိုင်းအနေနဲ့လည်း သက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင် အမြဲစဉ်းစားထုတ်လုပ်ထားတဲ့Seriesဖြစ်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။

 

Y33s အသစ်ကို Mirror Black နှင့် Midday Dream စသည့် အရောင်နှစ်ရောင်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ ၄၇၉,၈၀၀ ကျပ် ဖြစ်သည်။

Previous
Previous

Snapdragon 8 Gen 1 အကြောင်းတစေ့တစ်စောင်း

Next
Next

Xiaomi ကကိုယ်ပိုင် battery အသစ်ကိုမိတ်ဆက်