Snapdragon 8 Gen 1 အကြောင်းတစေ့တစ်စောင်း

Motorola ကတော့ Motorola Edge X30 Pro ကိုမိတ်ဆက်လိုက်ခြင်းဖြင့် ကမ္ဘာ့ပထမဆုံး Snapdragon 8 Gen 1 ကိုသုံးတဲ့ smartphone ဖြစ်သွားပါပြီ။ ဒီ့မတိုင်ခင်တုန်းက Xiaomi က Xiaomi 12 series နဲ့ world debut မယ်ဘာညာဆိုပြီးကြေငြာခဲ့ပေမယ့် Motorola ကလက်ဦးသွားပါတယ်။ ဒီ့အတွက်ကြောင့်ပဲ Motorola Edge X30 ဟာ စျေးကွက်ထဲမရောက်ခင် pre-sale မှာတင်ပဲ stock ရှိသမျှအားလုံး ရောင်းထွက်သွားပြီလို့ဆိုပါတယ်။ Motorola အနေနဲ့ ကာလအတန်ကြာမရရှိခဲ့ဖူးတဲ့ မှတ်တိုင်တစ်ခုပါ။ ဒါကြောင့် 8 Gen 1 ရဲ့ benchmark score တွေကိုသေသေချာချာသိရပြီပဲဖြစ်ပါတယ်။

Motorola က Edge X30 မိတ်ဆက်ပွဲမှာ‌ antutu ရမှတ်တွေကိုကြေငြာသွားပြီး လက်ရှိမှာအများဆုံးလို့ပြောလို့ရတဲ့ ရမှတ် ၁သန်းကျော်ထိရရှိထားပါတယ်။Geekbench ရဲ့ single core test မှာ 1240 နဲ့ multi core test မှာ 3850 တို့ရ။မကြာခင်မိတ်ဆက်မယ့် realme GT 2 Pro ကလဲ antutu score 1,025,215 ထိရရှိထားတဲ့အတွက် Snapdragon 8 Gen 1 သုံးထားတဲ့ smartphone တွေမှန်သမျှရဲ့ antutu score ဟာ ၉သိန်းကနေ ၁သန်းကြားထိရှိမယ်လို့မှတ်လို့ရပါတယ်။ ဒါဟာ လက်ရှိ antutu score ၈သိန်းကျော်ပဲရထားတဲ့ Apple ရဲ့ A15 bionic ထက်ပိုများတဲ့ပမာဏပါ။ 

Snapdragon 8 Gen 1 VS A15 Bionic (TSMC VS Samsung)

ဒီတစ်ခေါက်မှာတော့ Qualcomm ဟာ Apple ကိုပခုံးချင်းယှဥ်လာနိုင်ပြီလို့ပြောလို့ရပါပြီ။ A15 bionic ဟာ 5nm process ကိုဆက်သုံးထားတဲ့အချိန်မှာ 8 Gen 1 ကပိုသေးတဲ့ 4nm process ကိုအသုံးပြုတည်ဆောက်လာတာပါ။ GPU မှာတော့ 8 Gen 1 ရဲ့ Adreno 730 က 8 core နဲ့ဖြစ်တဲ့အတွက် ကနဦး testing တွေမှာ 8 Gen 1 ရဲ့ GPU performance ဟာ 6 core ပဲပါတဲ့ A15 bionic ထက်ပိုသာနေပါတယ်။ Apple ရဲ့ A15 bionic နဲ့ Mediatek ရဲ့ Dimensity 9000 တို့ကို TSMC ကထုတ်လုပ်ပေးတာဖြစ်ပြီး Qualcomm ရဲ့ Snapdragon 8 Gen ကိုတော့ Samsung ရဲ့ ကထုတ်လုပ်ပေးတာပါ။ CPU ပိုင်းမှာတော့ A15 bionic က TSMC ရဲ့ နည်းပညာနဲ့ Apple ရဲ့ architecture ပိုင်းတို့ကြောင့် 7% လောက် clock speed ကပိုမြန်ပြီး 5nm ဖြစ်သော်လည်း power-efficient ပိုဖြစ်ပါတယ်။ 

Image processing ပိုင်းမှာ Snapdragon 8 Gen 1 ရဲ့  Spectra ISP ဟာ triple-core 18 bit နဲ့ဖြစ်သွားပါတယ်။ဒီ့အတွက်ကြောင့် အရင် chip ဖြစ်တဲ့ Snapdragon 888 ထက် အဆပေါင်း ၄ထောင်ကျော်လောက် ပိုပြီး process လုပ်နိုင်တဲ့အတွက် color တွေကိုပိုမှတ်သားပေးနိုင်ပြီး vibrant ပိုဖြစ်တဲ့ပုံတွေထုတ်ပေးနိုင်လာမှာပါ။ night mode မှာလဲ Snapdragon 888 ထက် ၅ဆ ပိုများတဲ့ ပုံ‌ပေါင်း ၃၀ လောက်ရိုက်ကူးပေးနိုင်ဦးမှာပါ။ 

Video ပိုင်းမှာလဲတိုးတက်လာပြီး 8K video ကို HDR 10+ နဲ့ရိုက်ကူးနေစဥ်မှာပဲတပြိုင်နက် 64MP image တွေကိုရိုက်ကူး‌ပေးနိုင်ဦးမှာပါ။ 


ဒါတွေကတော့ Snapdragon 8 Gen 1 ရဲ့လုပ်နိုင်စွမ်းတွေပဲဖြစ်ပြီးအသုံးပြုတဲ့ smartphone company ပေါ်မူတည်ပြီး တကယ့် product ထွက်လာတဲ့အခါ ရလာတဲ့ feature တွေကကွာခြားသွားနိုင်ပါတယ်။ သေချာတာကတော့  Snapdragon 8 Gen 1 ဟာ 2022 ရဲ့အကောင်းဆုံး flagship chipset တွေထဲကတစ်ခုဖြစ်လာမှာဖြစ်ပြီး ဒီ chipset နဲ့ smartphone အမြောက်အများမြင်တွေရဦးမှာပါ။


Ref; businessinsider

Previous
Previous

ပွဲဦးထွက်လှခဲ့တဲ့ OPPO ရဲ့ ပထမဆုံး Foldable phone Find N

Next
Next

vivo၏ နောက်ဆုံးထွက် ပါးလွှာပြီး ခေတ်မီသည့် Y33sအသစ်ကို မြန်မာနိုင်ငံတွင် ကြိုတင်မှာယူနိုင်ပြီ