Xiaomi ကကိုယ်ပိုင် battery အသစ်ကိုမိတ်ဆက်

Smartphone တွေရဲ့ charging speed တွေဟာတစ်နှစ်ထက်တစ်နှစ် တိုးလာသလောက် battery တွေရဲ့ technology ကတော့ သိပ်ပြီးသိသိသာသာပြောင်းလဲတိုးတက်လာတာမရှိပါဘူး။ ဒီနေ့မှာတော့ Xiaomi ကသူတို့ရဲ့နည်းပညာအသစ်နဲ့ battery အသစ်ကိုမိတ်ဆက်လိုက်ပြီး အခုလက်ရှိအသုံးပြုနေကြတဲ့ battery တွေထက် သိုလှောင်နိုင်စွမ်းမှာ 10% ပိုများလာမယ်လို့သိရပါတယ်။ လက်ရှိ battery တွေထက် size လဲမဆိုစလောက်ပိုသေးသွားပြီး မိနစ် ၁၀၀နီးပါးလောက်အားပိုခံသွားပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင်တော့ 5000mAh ရှိတဲ့ battery နေရာမှာ 5500mAh ရှိတဲ့ battery ကိုတပ်ဆင်သွားနိုင်မှာပါ။ 

Battery ကို safeguard လုပ်ပေးဖို့နဲ့ သက်တမ်းကြာရှည်ခံနိုင်အောင် special fuel gauge တစ်ခုကိုလဲဖန်တီးထားပြီး temperature management အတွက်နဲ့ overnight charging session တို့အတွက် အထောက်အပံ့ပေးမယ်လို့သိရပါတယ်။ 

Xiaomi ကတော့ ဒီ battery တွေကို ၂၀၂၂ နှစ်၀က်လောက်မှာ စတင်ပြီး mass production လုပ်မယ်လို့ ပြောထားပါတယ်။ ဒါ့ကြောင့် ဒီလထဲမိတ်ဆက်မယ့် Xiaomi 12 series မှာတော့ပါ၀င်လာဖို့မရှိပါဘူး။ 

10% ဆိုတာအများကြီးမဟုတ်သေးဘူးဆိုပေမယ့် ဘာပဲပြောပြော battery နည်းပညာပိုင်းမှာတိုးတက်မှုတွေတွေ့လာရတာတော့ဝမ်းသာစရာပါပဲ။

Previous
Previous

vivo၏ နောက်ဆုံးထွက် ပါးလွှာပြီး ခေတ်မီသည့် Y33sအသစ်ကို မြန်မာနိုင်ငံတွင် ကြိုတင်မှာယူနိုင်ပြီ

Next
Next

Apple ရဲ့ VR headset အကြောင်းသိထားသမျှ