Official ပုံတွေထွက်လာပြီဖြစ်တဲ့ Vivo X Flip

မကြာခင် ဒီလပိုင်းလောက်မှာပဲထွက်လာတော့မယ့် Vivo X Flip ရဲ့ Official ပုံတွေ Weibo မှာထွက်လာပြီဖြစ်ပါတယ်။ X Flip နဲ့အတူ X Fold 2 , Vivo Pad 2 တို့လည်း အတူတူထွက်လာမှာပါ။

ပုံတွေအရတော့ Dual Camera အတွက် ကျောဖက်မှာ နေရာသပ်သပ် စက်ဝိုင်းပုံကြီးနေရာယူထားပါတယ်။ နောက်တစ်ခုကတော့ ကျောဖက်မှာပဲ Secondary Display ကိုမြင်ရပါတယ်။ ဖုန်းဒေါင့်ချိုးတွေကိုလည်း ၂၀၂၃ ရဲ့ Trend ဖြစ်တဲ့ ဒေါင့်ချိုးမဟုတ်ပဲ Curve အနေနဲ့ပဲ သွားထားပါသေးတယ်။ Screen ကလည်း Flat မဟုတ်ပဲ မဆိုစလောက် ခုံးထားသေးတယ်လို့ သိရပါတယ်။ နောက်တစ်ခုက Camera မှာလည်း Zeiss Logo အကြီးကြီးထည့်ပေးထားပါတယ်။

Screen Size အတိအကျကိုတော့ ပြောလို့မရသေးပေမယ့် ကြေငြာထဲက မင်းသမီးလက်နဲ့နှိုင်းယှဥ်ကြည့်ရရင်တော့ 6.8" လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်မို့ Samsung Z Flip 4 ထပ် အနည်းငယ်ပိုကြီးမယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ကတော့ diamond-pattern purple version ဆိုတဲ့ ခရမ်းရောင်နဲ့ ရွှေရောင်၊ အနက်ရောင်ဆိုပြီး ၂ မျိုးလာမယ်လို့ သိရပါတယ်။

မကြာခင်မှာ Official Teaser နဲ့ ပုံတွေထွက်လာဦးမှာမို့ ဒီဖုန်းကိုစိတ်ဝင်စားနေသူတွေရှိကြလားဗျ??

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဘေးကပ်ရက် ကော်ဖီဆိုင်ကနေ အပေါက်ဖောက်ပြီး ခိုးခံလိုက်ရတဲ့ Apple Store

Next
Next

ဈေးကွက်အခြေအနေ မကောင်းတုန်းမှာ ဝင်လာမယ့် Apple VR headset