ဈေးကွက်အခြေအနေ မကောင်းတုန်းမှာ ဝင်လာမယ့် Apple VR headset

AI တွေ၊ VR/AR တွေရဲ့ခေတ်လို့ တင်စားလို့ရတဲ့ ခုချိန်မှာတော့ ထူးထူးခြားခြားပါပဲ VR Headset တွေရဲ့ ဈေးကွက်ကတော့ သိပ်အခြေအနေမကောင်းပါဘူး။ ဈေးကွက်မှာ ဝယ်ယူမှုနုန်းနည်းနေသေးတာဟာ VR Headset တွေရဲ့ဈေးကြောင့်ဖြစ်နိုင်သလို တစ်ချို့နည်းပညာပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မကြာခင်လပိုင်းအတွင်းမှာတော့ Apple ရဲ့ VR Headset ကထွက်လာတော့မှာပါ။

Sony အနေနဲ့ PSVR2 ထုတ်လုပ်မှုကို ၂၀၂၃ မှာ ၂၀ ရာခိုင်နှုန်း လျော့ချခဲ့သလို Meta Quest Pro ဆိုရင်လည်း သူရဲ့ Product Lifecycle မှာ အခုရေ ၃ သိန်းခန့်နဲ့သာ လည်ပတ်နေတာဖြစ်ပါတယ်။ Sony အနေနဲ့ သူတို့ခန့််မှန့်ထားတဲ့ အရေအတွက်ထက်နည်းပြီး ရောင်းအားကျခဲ့သလို ByteDance အပိုင် Pico ဆိုတဲ့ Quest ကုမ္ပဏီတစ်ခုလည်း တိုင်ပတ်နေပါတယ်။

ဈေးနှုန်းအရဆိုလည်း Meta ရဲ့ Quest Pro ကို စထွက်ချင်းတုန်းက $1500 ကနေ ထွက်ပြီး ၄ လလောက်မှာတော့ $1000 ထိဈေးကျသွားပါတယ်။ Apple VR ကတော့ ဈေးကို $3000 လောက််နဲ့စထွက််လာမယ်ဆိုတော့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဈေးကွက််ထဲမှာတော့ ဒီဈေးနဲ့စထွက်လာတာဟာ User အများစုကို Target ထားတာမဟုတ်ပဲ Developer တွေကို အရင်စမ်းပြီးမှ နောက်ပိုင်း Mass Market တင်လာမလားဆိုတဲ့ ​Apple ရဲ့ Business Strategy ကိုခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် Apple Hardcore ဖန်တွေရဲ့အားနဲ့ ကြိုက်တိုင်းလုပ်၊ မိုက်တိုင်းလုပ်ဆိုတဲ့ Fan Base ကြီးရှိနေတော့ တရားသေတော့တွက်လို့မရပါဘူး။ အများကြီးမမြတ်ရင်တောင် Apple ဆိုတာနဲ့ ဝယ်မယ်ဆိုတဲ့သူတွေရှိနေသေးတာကိုတော့ ကျနော်တို့ထည့်တွက်ရပါမယ်။

Ref : The Verge

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Official ပုံတွေထွက်လာပြီဖြစ်တဲ့ Vivo X Flip

Next
Next

စကော့တလန် ကထောင်တွေမှာ Drone သုံးပြီး မှောင်ခိုပြုလုပ်နေ