ဘေးကပ်ရက် ကော်ဖီဆိုင်ကနေ အပေါက်ဖောက်ပြီး ခိုးခံလိုက်ရတဲ့ Apple Store

Washington Alderwood မှာရှိတဲ့ Apple Store ကိုသူခိုးတွေက ရုပ်ရှင်ဆန်ဆန် ဖောက်ထွင်းမှုတစ်ခု ပြုလုပ်ပြီး ဒေါ်လာ သိန်းချီတန်ဖိုးရှိတဲ့ Apple Product တွေကိုခိုးသွားခဲ့ပါတယ်။

ဖြစ်စဥ်ကတော့ Apple Store နဲ့ဘေးကပ်ရက် ကော်ဖီဆိုင်ရဲ့ အိမ်သာကနေတစ်ဆင့် Store ထဲကို နံရံကိုအပေါက်ဖောက်ပြီး Apple Store ရဲ့ အနောက်ဖက်ကနေတစ်ဆင့် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Store ရဲ့ လုံခြုံရေးစနစ်တွေဟာလည်း နံရံကနေတစ်ဆင့် ဝင်ရောက်ခဲ့တာမို့ သိရှိပြီး Alarm မြည်တာမျိုးမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ခိုးခံလိုက်ရတဲ့ ပစ္စည်းပေါင်းက iPhone 436 လုံးဖြစ်ပြီး ဒေါ်လာ ၅ သိန်းကျော်တန်ဖိုးရှိတယ်လို့ သိရပါတယ်။ တစ်ဆင့်ခိုးဝင်တဲ့ ကော်ဖီဆိုင်ကနေတော့ ပစ္စည်းတစ်ခုမှယူမသွားခဲ့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကော်ဖီဆိုင်အနေနဲ့ နံရံပြင်ခ $1500 လောက်တော့ ကုန်သွားနိုင်ကြောင်းသိရပါတယ်။ စုံစမ်းချက်တွေအရ ဖောက်ထွင်းမှုမှာ လူ ၂ ယောက်ပူပေါင်းကျူးလွန်တာဖြစ်ပြီး ညဖက်မို့ Store ထဲမှာလည်း ဝန်ထမ်းတွေ ရှိမနေခဲ့ပါဘူး။ ရဲတွေအနေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေပြီလို့ Apple ကထုတ်ပြန်ထားပါတယ်။

Ref : MacRumors

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လက်ပတ်တစ်ခုပိုလာမယ့် Xiaomi Band 8

Next
Next

Official ပုံတွေထွက်လာပြီဖြစ်တဲ့ Vivo X Flip