Metallic Unibody နဲ့ပွဲဦးထွက်လာမယ့် Vivo Tablet

Pandemic ကြီးအပြီးမှာ Tablet တွေလူသုံးများလာပြီး Smartphone Company တွေအနေနဲ့ Tablet လောကထဲကို ခြေလှမ်းစလာကြပါတယ်။ ဒီထဲမှာ Vivo လည်းပါဝင်ပါတယ်။ Vivo အနေနဲ့ သူတို့ရဲ့ ပထမဆုံး Tablet ကို စတင်ရောင်းချဖို့ ကြံနေပြီဖြစ်ပါတယ်။

Digital Chat Station ကကြေငြာခဲ့တဲ့အတိုင်း ဒီ Tablet မှာ 120 Hz 11-inch Display ပါဝင်ပြီး Screen Resolution ကတော့ 2560*1600 ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။ ခုလည်း နောက်ထပ် Feature တွေကို ထပ်ပြီး Leak လုပ်လိိုက်ပါပြီ။ Display အနေနဲ့ HDR 10+ Support လုပ်ပြီး Dolby Vision လည်းပါဝင်လာမယ်ဆိုတာပါပဲ။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Vivo Pad အနေနဲ့ Premium ပိုင်းကို အသားပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် Chipset ကိုလည်း Snapdragon 870 ကိုသုံးထားမယ်လို့ သိရပါသေးတယ်။

ခုလို Specifications အမြင့်တွေကို သုံးထားပေမယ့် Fingerprint Unlocking တော့ပါဝင်မှာမဟုတ်ပဲ FaceUnlock ပါဝင်မယ်လို့ ကနဦးသိထားရပေမယ့် ဒါဟာ Rumors သပ်သပ်ပဲရှိနေပါသေးတယ်။

Back Camera Setup အနေနဲ့ 13MP ရှိိတဲ့ Camera ၂ လုံး ပါဝင်မှာဖြစ်ပြီး Body တစ်ခုလုံးက Metal နဲ့ပြုလုပ်ထားမယ်လို့ဆိုပါတယ်။ အပေါ်နဲ့အောက်မှာ Speaker တစ်လုံးစီပါဝင်ပြီး Steoreo Speaker ဖြစ်မယ်လို့ခန့်မှန်းထားပါတယ််။ ဒါ့အပြင် ဒီ Tablet နဲ့လိုက်ဖက်မဲ့ Keyboard နဲ့ Pen လည်းထုတ်လုပ်သွားမယ်လို့ သတင်းထွက်နေပါသေးတယ်။

Rumors တွေအရ အရမ်းဈေးမကြီးပဲ လူတိုင်းသုံးနိုင်ပြီး Mutl-device Ecosystem နဲ့ညီအောင်ထုတ်လုပ်သွားမယ်လို့ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ် Covid-19 အလွန်မှာ Screen Time များလာတာနဲ့အညီ ပိုမိုမျက်နှာပြင်ကြီးပြီး Portableဖြစ်တဲ့ Device တွေကိုလူကြိုက်များလာပြီးတဲ့နောက် Tablet ရောင်းအားသွက်လာတာဖြစ်ပါတယ်။

Apple အနေနဲ့လည်း 2020 ကနေစပြီး iPad Series ကို အားဖြည့်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ရောင်းအားတစ်ကယ်တက်လာတယ််လို့ Report တွေအရသိရပါတယ်။ လောလောဆယ် ဈေးကွက်ထဲမှာ iPad, Samsaung Tablet နဲ့ Huawei အပြင် တစ်ခြား Third-party တွေတစ်ချို့လည်း မြန်မာနိုင်ငံရောင််းဝယ်နေကြပါတယ်။

Ref : Gizmochina

Previous
Previous

Meeting ပြီးသွားလည်း Mic ဆက်ပွင့်တဲ့ Error ဖြစ်နေတဲ့ Zoom

Next
Next

Beta Software Update မှာ Voice Command ပါဝင်လာတဲ့ PlayStation 5