Meeting ပြီးသွားလည်း Mic ဆက်ပွင့်တဲ့ Error ဖြစ်နေတဲ့ Zoom

Windows နဲ့ Android မှာ သုံးနေရင်တော့ စိတ်ပူစရာမလိုပါဘူး။ ဒီ Error က Mac ပေါ်မှာ Zoom သုံးနေတဲ့သူတွေအတွက် ဖြစ်ပါတယ်။ Zoom ကတော့ Mic ပဲပွင့်နေတာဖြစ်ပြီး ဘယ် Voice Data မှ Zoom ကိုပြန်မပို့ဘူးလို့ အာမခံထားပါတယ်။
တစ်ကယ်လို့ သင်က Zoom ကို Mac ပေါ်မှာသုံးနေပြီး Zoom Version 5.9.3 ကိုသုံးနေတယ်ဆိုရင် Update လုပ်ဖို့လိုအပ်နေပါပြီ။ Zoom အနေနဲ့ Mac Os Monterrey ကိုသုံးတဲ့ Mac တွေမှာ Meeting တစ်ခုကို Leave ပြီးတာတောင် Mic ဆက်ပွင့်နေတဲ့ Error ဖြစ််နေတယ်လို့ အသိပေးထားပါတယ်။ ဒီ Error ကို The Register မှာ User တစ်ယောက်က အရင်ဆုံးလာတင်ထားပါ။

အသုံးပြုသူတွေအနေနဲ့လည်း Zoom Community Forum မှာ Complain တွေတက်နေတာ December ကတည်းကဖြစ််ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Control Center မှာ Mic ကိုသုံးနေတယ်ဆိုတဲ့ Indicator Light လေးက Zoom မသုံးလည်းပဲ ဆက်တိုက်လင်းနေတဲ့ပြဿနာရှိတယ်ဆိုပြီး ပြောကြားထားပါတယ်။ ဒါက Privacy နဲ့ပတ်သတ်ပြီး အတော်စိုးရိမ်စရာကောင်းတဲ့ ယိုပေါက် Mac မှာသုံးရတဲ့ Zoom မှာရှိတယ််လို့ ဖော်ပြနေတာဖြစ်ပါတယ်။ ၂၀၂၀ တုန်းကလည်း Zoom အနေနဲ့ End-to-end Encryption ပါတယ်ဆိုပြီး တစ်ကယ်မပါပဲ လိမ်ခဲ့လို့ တရားစွဲခံရတဲ့ သာဓကလည်းရှိပါသေးတယ်။

Zoom ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကတော့ Zoom Forum မှာ ဒီပြဿနာဖြစ်နေတာ တစ်ကယ်ဖြစ်ကြောင်းကို အတည်ပြုထားပြီး Mac Os Monterery ကိုသုံးနေတဲ့သူတွေအနေနဲ့ January တုန်းကထွက်ထားတဲ့ Zoom Update 5.9.3 ကို Update လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အဆိုပါ Update မှာ Mic Indicator Light ကိုပြင်ပေးထားတယ်လို့ ပြောထားပေမယ့် တစ်ကယ်တမ်း လူတိုင်းအတွက် Error ကိုပြင်ထားမပေးနိုင်ဘူး ထင်ရပါတယ်။

Zoom ပြောရေးဆိုခွင့်ရှိသူ Matt Nagel က " Jan 25 တုန်းက ထွက်ထားတဲ့ Zoom Client for MacOS 5.9.3 မှာ Mic ပြဿနာနဲ့ဆိုင်တဲ့ Bug တွေကို ပြင်ပေးထားတယ်"လို့ The Verge ကိုပို့ထားတဲ့ Email ထဲမှာပါဝင်ပါတယ်။ ဒါ့အပြင် ခုလို Indicator Light ပွင့်နေပေမယ့်လည်း Zoom ကို ဘာ Audio Data မှတော့ ပြန်ပို့တာမျိုးမရှိဘူးလို့ အာမခံထားပါတယ်။

Zoom ကို 9.5.3 Version Update လုပ်ကြည့်တဲ့အခါ တစ်ကယ်ပဲ အဆိုပါ Bug ပျောက်သွားပြီး အဆင်ပြေသွားပါတယ်။ တစ်ကယ််လို့ Mac မှာ Zoom ကို Update ချင်တယ််ဆိုရင် Mac မှာ Zoom ကိုဖွင့်ပြီး ညာဖက်အပေါ်ထောင့်မှာရှိတဲ့ "Check for Updates" ကိုနှိပ်ပြီး Zoom ကို Update လုပ်ပေးနိုင်ပါတယ်။ Mac Os Monteray မှာ Zoom သုံးတဲ့သူတွေ Update လုပ်သင့်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Tesla နဲ့ Volkswagen ကို ကြော်ငြာနဲ့ ကလိလိုက်တဲ့ Polestar

Next
Next

Metallic Unibody နဲ့ပွဲဦးထွက်လာမယ့် Vivo Tablet