Beta Software Update မှာ Voice Command ပါဝင်လာတဲ့ PlayStation 5

Sony အနေနဲ့ PS4 နဲ့ PS5 အတွက် Software Beta Update ကိုထုတ်ပေးလိုက်ပြီဖြစ်ပြီး Update ထဲမှာ တော်တော်မိုက်တဲ့ အပြောင်းအလဲတွေအများကြီး ပါဝင်တယ်လို့ဆိုပါတယ်။ ဒီအများကြီးထဲက သိသိသာသာထူးခြားတာတစ်ခုကတော့ Voice Assistant အတွက် Voice Command ပါဝင်လာခြင်းဖြစ်ပါတယ်။ အသစ်တိိုးလာတဲ့ Features အသစ်တွေကတော့ -

၁. Party အတွက် Chat Options အသစ်ပါဝင်လာခြင်း
Party ဆော့မယ့်သူတွေအတွက်် Open Party လား၊ Closed Party လားဆိုတာမျိုးကို ရွေးချယ်နိုင်ပါတယ်။ Open Party ဆိုရင် ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့် Party Members တွေရဲ့ သူငယ်ချင်းတွေပါ ဆော့ကစားနိုင်ပါတယ်။ Closed Party ဆိုရင်တော့ ကိုယ် Invite လုပ်တဲ့သူတွေပဲ ဝင်ရောက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

၂. Voice Chat Report Feature
တစ်ကယ်လို့ Party ထဲမှာ တစ်ယောက်ယောက်အနေနဲ့ ဆဲတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ ပြောလာခဲ့ရင် အရင်က ဘယ်သူကပြောတာလဲမသိနိုင်လို့ Report လုပ်ဖို့ဆိုတာခက်ခဲပါတယ်။ ခု Update မှာတော့ဘယ််သူကစကားပြောနေပါတယ်ဆိုတဲ့ Indicator ထည့်သွင်းပေးလိုက်ပြီဖြစ်တာကြောင့် Report တင်မယ်ဆိုရင် လူမှားတာတွေမဖြစ်တော့ပါဘူး။ Player တစ်ယောက်ချင်းစီရဲ့ Volume ကိုလည်း လိုသလိုထိန်းချုပ်နိုင်ဦးမှာဖြစ်ပါတယ်။
ဒါ့အပြင် Share Play လုပ်ဖို့အတွက် သပ်သပ် Share Play Screen ကို ဖွင့်စရာမလိုတော့ပဲ Voice Chat Card ကနေ Share Play လုပ်နိုင်တော့မှာပါ။

၃. UI Features အသစ်
ဂိမ်းတွေကို အမျိုးအစားအလိုက် ရှာရလွယ်အောင် Collection လုပ်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Home Screen မှာ ကိုယ့်အကြိုက်ဆုံး ဂိမ်းတွေကို Keep in Home ဆိုတဲ့ Feature ကိုသုံးပြီး Home Screen မှာတင်ထားလို့ရမှာဖြစ်ပြီး အများဆုံးဂိမ်း ၅ ခုထိ တင်ထားနိုင်ပါတယ်။

၄. Voice Command
ဂိမ်းရှာတာမျိိုး၊ App တွေဖွင််ပိတ်လုပ်တာမျိုးနဲ့ Setting တွေအတွက် အပြင် Media Playback အတွက် PS5 မှာ Voice Commandကိုထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ Voice Command ကိုသုံးဖို့အတွက် "Hey, PlayStation!" ဆိုပြီး ခေါ်လိုက်ဖို့လိုပါတယ်။ အဲ့ဒီနောက် ဂိမ်းဖွင့်ခိုင်းတာ၊ သီချင်းဖွင်ခိုင်းတာ၊ Setting ချိန်တာစတဲ့ အလုပ်ပေါင်းစုံခိုင်းနိုင်ပါတယ်။
လောလောဆယ်မှာတော့ Voice Command ကို U.S နဲ့ U.K မှာရှိတဲ့ တစ်ချို့ ​Beta Tester တွေပဲ အသုံးပြုနိုင်ပါသေးတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Metallic Unibody နဲ့ပွဲဦးထွက်လာမယ့် Vivo Tablet

Next
Next

Ferrari ကားတွေရဲ့ Telematic အတွက် Qualcomm စာချုပ်ချုပ်ဆို