Viber မှ အသုံးပြုသူများ၏ လုံခြုံမှုကို ပိုမိုအားကောင်းစေရန်အတွက် ထပ်ဆင့်အတည်ပြုချက်ရယူခြင်း (two-step verification) အား အက်ပလီကေးရှင်းအတွင်း ထည့်သွင်းပေးလိုက်ပြီဖြစ်

လုံခြုံစိတ်ချရသည့် စာတိုပို့ဆောင်ရေးနှင့် အသံအခြေပြု ဆက်သွယ်ရေးဝန်‌ဆောင်မှု ဦးဆောင်လုပ်ငန်း တစ်ခုဖြစ်သည့် Rakuten Viber သည် ထပ်ဆင့်အတည်ပြုချက်ရယူခြင်း (Two-step verification) လုပ်ဆောင်ချက်အသစ်အား အက်ပလီကေးအတွင်းသို့ ထည့်သွင်းပေးလိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများစွာတို့၌ ဒီဂျစ်တယ်ဝန်ဆောင်မှုများ ထွန်းကားလာသည့်အလျောက် အဆိုပါလုပ်ဆောင်ချက်အသစ်သည် လွန်စွာအသုံးဝင်အရေးပါမည်ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်ချက်အသစ်များ စဥ်ဆက်မပြတ် ထည့်သွင်းပေးနိုင်ခြင်းသည် လုံခြုံစိတ်ချရမှုကို ပထမဦးစားပေးသော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်သွားမည်ဟူသည့် Viber ၏ ကတိကဝတ်ကို ထင်ဟပ်စေသည်။ Viber ၌ စာတိုပို့ဆောင်ခြင်းအား end-to-end encrypted ပြုလုပ်ထားမှုကြောင့် မိမိ၏ အချက်အလက်များအား အခြားတစ်စုံတစ်ဦးမှ ဝင်ရောက်၍ ရယူကြည့်ရှုခြင်းမပြုနိုင်သည့်အပြင် မက်ဆေ့ချ်များ အလိုအလျောက် ဖျောက်ဖျက်ခြင်း (disappearing message) လုပ်ဆောင်ချက်မှလည်း အသုံးပြုသူများ၏ မက်ဆေ့ချ်လုံခြုံရေးပိုင်းဆိုင်ရာကို ပိုမိုထိန်းချုပ်နိုင်ပေးနိုင်ခဲ့ပါသည်။ ထို နောက်ဆုံး လုပ်ဆောင်ချက် အသစ်နှစ်ခုသည် Viber ၏ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအပေါ်၌ မယိမ်းမယိုင် အလေးပေးဆောင်ရွက်နေမှုအား ပြသပေးနေပြီး အသုံးပြုသူများ လုံခြုံစွာ ဆက်သွယ်ပြောဆိုနိုင်မှု အတွက်ကိုလည်း အာမခံချက်ပေးနေပါသည်။ ၄င်းသည် ကိုယ်ရေးကိုယ်တာလုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်လျက်ရှိသော မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများအတွက် များစွာအကျိုးရှိစေမည်ဖြစ်သည်။

ထပ်ဆင့်အတည်ပြုခြင်းလုပ်ဆောင်ချက်အား ဖွင့်ရန်ရွေးချယ်ထားသော အသုံးပြုသူများသည် ဂဏန်း ၆ လုံးပါ လျှို့ဝှက်ကုဒ် အားဖန်တီးရမည်ဖြစ်ပြီး အီးမေးလ်လိပ်စာမှတစ်ဆင့် အတည်ပြုပေးသွားမည်ဖြစ်သည်။ မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာတွင် Viber သို့ဝင်ရောက်ရန်အတွက် အသုံးပြုသူမှ ၄င်းတို့ကိုယ်တိုင် ဖန်တီးသတ်မှတ်ထားသော ကုဒ်နံပါတ်အား ထည့်သွင်းခြင်းဖြင့် ဝင်ရောက်ရန် အတည်ပြုရမည်ဖြစ်သည်။ ကုဒ်နံပါတ်အား မမှတ်မိပါက အီးမေးလ်လိပ်စာမှတစ်ဆင့် အကောင့်အသုံးပြုခွင့် ပြန်လည်ရယူနိုင်မည်ဖြစ်သည်။

ထို့အပြင် သတ်မှတ်ထားသော ကုဒ်နံပါတ်အသုံးပြု၍ ကွန်ပျူတာမှတစ်ဆင့်ဝင်ရောက်ကာ မိမိ၏ Viber အကောင့်အားလည်း ပိတ်လိုက်နိုင်မည်ဖြစ်သည်။

Viber ၏ လုပ်ဆောင်ချက်အသစ်သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအား ထပ်ဆောင်းလုံခြုံစိတ်ချရမှု ရှိစေပါသည်။ ထပ်ဆင့်အတည်ပြုချက်ရယူခြင်း လုပ်ဆောင်ချက်သည် ဟက်ကာများမှ spam မက်ဆေ့ချ်များပေးပို့ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား တစ်ပါးသူမှ ရယူခြင်းတို့အား လျော့ကျစေနိုင်မည်ဖြစ်သည်။ အတည်ပြုထားခြင်းမရှိသော အကောင့်ဝင်ရောက်မှုများအား လျှော့ချနိုင်ခြင်းသည် spam မက်ဆေ့ချ်အရေအတွက်များအား လျှော့ချနိုင်မည့်အပြင် အသုံးပြုသူများမှ ကမ္ဘာတစ်ဝှမ်းရှိ ချစ်ခင်ရသူများနှင့် စိတ်ချယုံကြည်စွာ ပြောဆိုဆက်သွယ်နိုင်ရန်အတွက်လည်း ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ဆက်လက်ပြီးတော့လည်း Viber မှ လက်ဗွေစနစ်အသုံးပြုဝင်ရောက်ခြင်း လုပ်ဆောင်ချက်အား ထောက်ပံ့ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“Viber အသုံးပြုသူတွေရဲ့ လုံခြုံစိတ်ချရမှုက အမြဲတမ်း ပထမဦးစားပေးပါပဲ။ ကျွန်တော်တို့အနေနဲ့ လုံခြုံစိတ်ချရတဲ့ end-to-end encrypted လုပ်ထားတဲ့ စာတိုပို့ဆောင်ရေး ပလက်ဖောင်းတစ်ခုကို ပေးအပ်သွားမယ်လို့ ကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ချက်တစ်ခုကို ထပ်မံထည့်သွင်းနိုင်ခဲ့ပါပြီ။” ဟု Rakuten Viber ၏ Chief Information Officer ဖြစ်သူ Amir Ish-Shalom မှ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒီ ထပ်ဆင့်အတည်ပြုခြင်း လုပ်ဆောင်ချက်က အသုံးပြုသူတွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ပူပန်မှုတွေ လျော့ကျစေနိုင်ပြီး နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပလက်ဖောင်းကို လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ကြဖို့အတွက် ဆက်လက်ထိန်းသိမ်းသွားမှာပါ” ဟုလည်း ထပ်လောင်းပြောကြားသွားခဲ့ပါသည်။

Viber ၏ ထပ်ဆင့်အတည်ပြုခြင်း လုပ်ဆောင်ချက်သည် ကမ္ဘာအရပ်ရပ်၌ မထည့်သွင်းပေးမီ ဥရောပနိုင်ငံများ၌ စတင်မိတ်ဆက် ထည့်သွင်းပေးသွားမည်ဖြစ်သည်။

Previous
Previous

Refurbished Apple Watch Series 7 တွေ ကိုယ်တိုင် တရားဝင်ပြန်ရောင်းတော့မယ် Apple

Next
Next

Facebook ရဲ့ Podcast Feature ကို Launch လုပ်ပြီး တစ်နှစ်အကြာမှာ ရပ်နား