Facebook ရဲ့ Podcast Feature ကို Launch လုပ်ပြီး တစ်နှစ်အကြာမှာ ရပ်နား

Facebook အနေနဲ့ သူရဲ့ကိုယ်ပိုင် Podcast Platform ကို နောက်ဆုံးမှာတော့ ပိတ်သိမ်းလိုက်ပါတယ်။ Platform ကို Launch လုပ်တာ ၁ နှစ်ခန့်ပဲရှိပါသေးတယ်။ Podcast မှာ Creator တွေကို Podcast တွေသွင်းနိုင်အောင် ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။​ဒါပေမယ့် ဒီလကုန်မှာတော့ ဒီလုပ်ဆောင်ချက်ကို အပြီးရပ်နားတော့မှာပါ။ June 3 ရက်နေ့ရောက်ရင်တော့ လုပ်ဆောင်ချက်ကို လုံးဝအပြီးပိတ်သိမ်းမှာပါ။ Facebook အနေနဲ့လည်း ဒီသတင်းသေချာကြောင်း အတည်ပြုထားပါတယ်။

ဒီလုပ်တာဟာ Facebook အနေနဲ့ သူတို့ရဲ့Audio Products တွေကို ပြန်ပြီး ပေါင်းစည်းဖို့အတွက် ပြုလုပ်နေတာပဲဖြစ်ပါတယ်။ Soundbits နဲ့ Audio Hubs ဆိုတဲ့ Site နှစ်ခုကိုလည်း Facebook အနေနဲ့ပိတ်ချသွားမှာဖြစ်ပြီး အကုန်ုလုံးကို Live-streaming Audio Room နဲ့ Facebook Live Suite ဆိုပြီး ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ Facebook ပြောရေးဆိုခွင့်ရှိသူ Adelaide Coronado ကလည်း ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုထားပါတယ်။

"တစ်နှစ်လောက် အသံပိုင်းဆိုင်ရာတွေကို စမ်သပ်ပြီးတဲ့နောက် ကျွန်တော်တို့အနေနဲ့ Audio Suite Tool တွေကို Facebook အတွက် ပေါင်းစပ်သွားမှာပါ" လို့ Coronado ကဆိုပါတယ်။ ပိုကောင်းတဲ့ လုပ်ဆောင််ချက်တွေနဲ့ ပြန်လာမယ်လို့လည်း ထပ်ဆင့်ပြောခဲ့ပါသေးတယ်။

ဒီသတင်းဟာ အရမ်းကြီးအံ့သြစရာတော့ မဟုတ်ခဲ့ပါဘူး။ 2020 နဲ့ 2021 အတွင်းမှာ Audio Market ကြီးဟာ ဖောင်းပွနေခဲ့တာပါ။ SiriusXM နဲ့ Amazon လိုကုမ္ပဏီကြီးတွေက Audio Platform တွေကို လိုက်ဝယ်နေခဲ့ပါတယ်။ ဒါ့အပြင် Clubhouse လို Podcast Network အနေနဲ့ $4 Billion တန််တဲ့အထိ တန်ဖိုးတက်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဒီရေစီးကြောင်းထဲကို Facebook လို Tech Giant ကြီးတွေလည်း ဝင်ပါလာခဲ့ပါတယ်။ တစ်နှစ်လောက် စမ်းသပ်ပြီးတဲ့နောက်မှာတော့ Facebook အနေနဲ့ အမြတ်အစွန်း အတော်လေးနည်းတဲ့ ဒီဈေးကွက်ကနေ ထွက်ခွာသွားပုံရပါတယ်။

Ref : Bloomberg

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Viber မှ အသုံးပြုသူများ၏ လုံခြုံမှုကို ပိုမိုအားကောင်းစေရန်အတွက် ထပ်ဆင့်အတည်ပြုချက်ရယူခြင်း (two-step verification) အား အက်ပလီကေးရှင်းအတွင်း ထည့်သွင်းပေးလိုက်ပြီဖြစ်

Next
Next

Anchor Co-founder နဲ့ Spotify Podcast Tech Chief ဖြစ်သူ Spotify ကနှုတ်ထွက်