Refurbished Apple Watch Series 7 တွေ ကိုယ်တိုင် တရားဝင်ပြန်ရောင်းတော့မယ် Apple

မနှစ်တုန်းက Apple အနေနဲ့ သူရဲ့ နောက်ဆုံးပေါ် Apple Watch 7 Series ကို စတင်ရောင်းချခဲ့ပါတယ်။ ခုနှစ်မှာတော့ သူကိုယ်တိုင်ပဲ Refurbished Version တွေကို Apple Store တွေမှာ စတင်ရောင်းချတော့မယ်လို့ ဆိုပါတယ်။

41 mm ရှိတဲ့ Watch Series 7 ကို ရောင်းဈေး $339 ကနေစတင်ရောင်းပြီး 45 mm version ကိုတော့ $359 ကနေစတင်ရောင်းချမယ်လို့ ကြော်ငြာထားပါတယ်။ လောလောဆယ်မှာတော့ Aluminum Model တွေကိုပဲ အရောင်တွေနဲ့ ရောင်းချပေးဦးမှာပါ။ ပြန်လည်ရောင်းချပေးတဲ့ Refur Model တွေမှာ GPS Only model တွေပဲဖြစ်ပြီး တစ်ကယ်လို့ Cellular Edition နဲ့ Aluminium မဟုတ်တဲ့ တစ်ခြား Edition တွေထွက်လာခဲ့ရင် ဈေးပြောင်းလဲမှုတွေ ရှိဦးမယ်လို့ သိရပါတယ်။

Apple Watch Series 7 အသစ် 41mm Version မှာ $399 ရှိပြီး 45 mm Version ကတော့ $429 ရှိတာမို့ Apple အနေနဲ့ Refurbished တွေကို $60 နဲ့ $70 အသီးသီး ဈေးလျော့ပေးလိုက်သလိုပဲဖြစ်ပါတယ်။

Apple ကိုယ်တိုင်က Refurbished အလုံးတွေဟာ စစ်ဆေး၊ သန့်စင်ပြီး ဗူးအသစ်တွေနဲ့ ပြန်ထုတ်ပေးထားတယ်လို့ အာမခံထားပါတယ်။ ဒါ့အပြင် Manual အသစ်၊ Charging Puck အသစ်လည်းထည့်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အာမခံ တစ်နှစ်လည်း ပေးထားပြီး AppleCare+ နဲ့ အာမခံသက်တမ်းလည်း တိုးနိုင်ဦးမယ်လို့ ဆိုပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

OPPO ရဲ့ F series ထဲမှာ Design အမိုက်ဆုံးဖြစ်လာမယ့် OPPO F21 Pro

Next
Next

Viber မှ အသုံးပြုသူများ၏ လုံခြုံမှုကို ပိုမိုအားကောင်းစေရန်အတွက် ထပ်ဆင့်အတည်ပြုချက်ရယူခြင်း (two-step verification) အား အက်ပလီကေးရှင်းအတွင်း ထည့်သွင်းပေးလိုက်ပြီဖြစ်