VarCamp( Virtual BarCamp) 2022 ကျင်းပသွားမည်

ဟောပြောသူနှင့် နားထောင်သူ ပုံစံမဟုတ်ပဲ၊ ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင်ဆွေးနွေးသူပုံစံဖြင့် နောက်ဆုံးပေါ် နည်းပညာတွေ၊ Digital အကြောင်းအရာတွေကို ဆွေးနွေးတဲ့ပွဲလို့ အကြမ်းဖျဥ်းမှတ်််ယူနိုင်ပါတယ်။

ရန်ကုန် BarCamp ဟာကမ္ဘာတစ်ဝှမ်းမှာ တက်ရောက်သူအများဆုံး BarCamp ဖြစ်ကြောင်းလည်းသိရပါတယ်။ BarCamp Yangon ကို ၁၀ ကြိမ်မြောက်အဖြစ် ၂၀၂၀ တုန်းက နောက်ဆုံးအဖြစ်ကျင်းပခဲ့ပြီး ၂၀၂၁ တုန်းက ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ ၂၀၂၂ မှာတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် Online ပေါ်ကနေ ပြောင်းလဲကျင်းပသွားမယ်လို့ သိရပါတယ်။

"VarCamp ဆိုတာကတော့ Virtual အနေနဲ့ ကျင်းပဖို့ ရည်ရွယ်ထားပြီး BarCamp အနှစ်အရသာ မပျောက်အောင် တတ်နိုင်သမျှ ကြိုးစားထားလို့ VarCamp ဆိုပြီး နာမည်ပေးထားတာပါ။ " ဆိုပြီး ပွဲစီစဥ်သူတွေက ပြောကြားထားပါတယ်။ အရင်BarCamp တွေအရသာအတိုင်း လူတွေစုပြီး အခန်းအလိုက် ဆွေးနွေးတဲ့ အရသာကို မပျောက်အောင် စီစဥ်ထားတယ်လို့ ဆိုပါတယ်။

VarCamp 2022 ကို Online ကနေကျင်းပဖို့ စီစဥ်ထားတာကြောင့် အရင်လို သွားလာရခက်ခဲတဲ့ နယ်တွေကလူတွေပါ မတက်လိုက်ရတာမျိုး မဖြစ်တော့ပဲ အင်တာနက်သုံးလို့ရတဲ့ မည်သည့်နေရာကမဆို တက်ရောက်နိုင်မှာပါ။ အရင်နှစ် BarCamp တွေမှာတော့ ပြည်တွင်းပြည်ပ အသိပညာရှင်၊ အတတ်ပညာရှင်တွေ တက်ရောက်ဆွေးနွေးကြပြီး ဆွေးနွေးတဲ့ခေါင််းစဥ်တွေလည်း နယ်ပယ်စုံလှတယ်လို့သိရပါတယ်။ ဒီနှစ်မှာလည်း Crypto Currency၊ NFT၊ Blockchain၊ Mining၊ Data Science၊ Drone အစရှိတဲ့ နည်းပညာတွေအပြင် Freelance၊ Remote Jobs အစရှိတဲ့ အလုပ်အကိုင်အခွင့်အလမ််းနဲ့ သက်ဆိုင်တဲ့ ခေါင်းစဥ််တွေပါ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

BarCamp မှာဦးဆောင်ဆွေးနွေးသူတွေအနေနဲ့ ခေါင်းစဥ်တစ်ခုကို ၁ နာရီကြာ ဆွေးနွေးလေ့ရှိပြီး တက်ရောက်လေ့လာသူတွေအနေနဲ့ မိမိနားထောင်လိုတဲ့ ဆွေးနွေးသူပြောကြားပြီးပါက နောက်ခေါင်းစဥ်တစ်ခုကို ဆက်နားထောင်လို့ရသလို၊ Main Hall မှာလည်း သွားရောက်ပြီး စကားပြောဆိုတာမျိုး လုပ်နိုင်ပါသေးတယ်။ ပြဿနာတစ်စုံတစ်ခု ဖြစ်လာရင်လည်း ကူညီဖြေရှင််ပေးဖို့ Help Desk မှာ Volunteer တွေက အသင့်ရှိနေဦးမှာဖြစ်ပါတယ်။

Yangon BarCamp ကိုအစတည်ပြီး မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ်တွေနဲ့ မြို့ကြီးတွေမှာ ITCamp, Mandalay BarCamp, Pyay BarCamp, Pakokku BarCamp အစရှိတဲ့ Camp တွေပေါင်းစုံကျင်းပခဲ့ပါသေးတယ်။ 2022 VarCamp ကိုတော့ January 30, 2022 မှာကျင်းပသွားမှာဖြစ််ပြီး January 29 ရက်နေ့မှာ Pre VarCamp ဆိုပြီး Rehearsal သဘောမျိုး ကျင်းပဦးမှာလို့လည်း ပွဲစီစဥ်သူတွေက ပြောကြားထာပါတယ်။

Ref : VarCamp

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Oneplus Nord 2T မှာ 80W fast charging ပါဝင်လာနိုင်ဖွယ်ရှိ

Next
Next

တရုတ်ကျားနှစ်သစ်ကူး Special Xbox Edition