တရုတ်ကျားနှစ်သစ်ကူး Special Xbox Edition

Microsoft အနေနဲ့ လာမယ့် February 1 2022 မှာကျရောက်မယ့် တရုတ််နှစ််သစ်ကူးအတွက် Xbox Special Edition ထုတ်လုပ််မှာဖြစ်ပါတယ်။ တရုတ်ကျားနှစ်ကို ကြိုဆိုတဲ့အနေနဲ့ Xbox Series S ကို တရုတ်နှစ်သစ်ကူး မင်္ဂလာအရောင်တွေဖြစ်တဲ့ အနီရောင်နဲ့ရွှေရောင်ကို အဓိကသုံးပြီး ထုတ်လုပ်သွားမှာပါ။ ဒါ့အပြင် တရုတ်စတိုင် မင်အနက်နဲ့ ဆွဲထားတဲ့ ကျားနက်ပုံနဲ့ အသေးစိတ် ပန်းချီလက်ရာလည်း ပါဝင်ဦးမှာပါ။ ပန်းချီကို Bu2ma (Bu-er-ma) ဆိုတဲ့ Artist တစ်ယောက်ကရေးဆွဲပေးထားတာဖြစ်ပါတယ်။

Microsoft အနေနဲ့ အဆိုပါ Chinese New Year Edition Xbox S Consoles တွေကို ၁၅ခုပဲ ထုတ်လုပ်မှာဖြစ်ပြီး လူတိုင်းကိုရောင်းချသွားမှာ မဟုတ်ပါဘူး။ လိုချင်တယ်ဆိုရင် Wechatနဲ့ bilibili မှာ သက်ဆိုင်ရာတွေက မဲဖောက်ပေးမှာဖြစ်ပါတယ်။


Microsoft အနေနဲ့ Halo Infinite Edition, 20th Anniversary Edition စတဲ့ Customized လုပ်ထားတဲ့ Xbox တွေကိုထုတ်လုပ်ထားဖူးပါတယ်။ တရုတ်နှစ်သစ်ကူးအတွက် Special Edition ထုတ်လုပ်ခြင်းကတော့ ဒီတစ်ခါ ပထမဆုံးအခေါက်ဖြစ်ပါတယ်။ 20th Anniversary Edition မှာဆိုရင် Controller နဲ့ ချိတ်ဆက်လိုက်ရင် Special Edition Background ရတာမျိုးတွေ ရှိခဲ့ပြီး တရုတ်နှစ်သစ်ကူး Edition မှာလည်း ဘာတွေပါလာမလည်းဆိုတာ စောင့်ကြည့်ရပါမယ်။

Ref: Xbox

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

VarCamp( Virtual BarCamp) 2022 ကျင်းပသွားမည်

Next
Next

Snapdragon 8 Gen 1 နဲ့ Exynos 2200 တို့ထက် Bench Score ပိုများနေတဲ့ MediaTek Dimensity 9000