Oneplus Nord 2T မှာ 80W fast charging ပါဝင်လာနိုင်ဖွယ်ရှိ

နှစ်ပေါင်းများစွာ Oneplus ဖုန်းတွေ တစ်ခြား Brand တွေထက် နာမည်ကြီးပြီး Unique ဖြစ်နေရခြင်းအကြောင်းတစ်ခုက Fast Charging ပဲဖြစ်ပါတယ်။ ဖုန်းအသစ်ထွက််လာတိုင်း ပိုမြန်၊ ပိုကောင်းလာတဲ့ Fast Charging တွေကြောင့် Android Flasgship Killerဆိုပြီး နာမည်တစ်ခုနဲ့ ရပ်တည်နေခဲ့တာပါ။ Rumors တွေအရ Oneplus ရဲ့ Budget Series ဖြစ်တဲ့ Nord Series မှာ Super-fast 80W charging ကိုထည့်သွင်းပေးတော့မယ်လို့ သိရပါတယ်။

Digit.in နဲ့ OnLeaks မှာတင်ထားတဲ့ သတင်းတွေအရ OnePlus Nord 2T မှာ အရင်နှစ်ကထွက်ထားတဲ့ Nord Series တွေထက် ပိုမိုကောင်းမွန်တဲ့ CPU နဲ့ Charging စနစ်ကို သုံးသွားမယ်လို့သိရပါတယ်။ ခုလို Flagship တွေမှာပဲ ပါဝင်လေ့ရှိတဲ့ Fast Charging ကို Budget Series မှာထည့်ပေးမယ်ဆိုတာ အတော်အံ့အားသင့်စရာကောင်းပါတယ်။ မနှစ်ကထွက်ထားတဲ့ Oneplus Nord 2 မှာ 65W Fast Charging ပဲပါဝင်ခဲ့ပါတယ်။ တစ်ကယ်သာ 80W ပါဝင်လာမယ်ဆိုရင် Oneplus ရဲ့ Flagship Series တွေနဲ့စာရင် ပေးရတဲ့ဈေးနဲ့ အတော်ကို တန်တဲ့ Budget ဖုန်းဖြစ်မှာပါ။ လောလောဆယ် 80W သုံးထားတဲ့ ဖုန်းအဖြစ် အရင်လက တရုတ်မှာ မိတ်ဆက်ထားတဲ့ Oneplus 10 Pro သာရှိပါသေးတယ်။
ဒါ့အပြင် Nord 2T ရဲ့CPU ကိုလည်း ပိုမိုကောင်းမွန်တဲ့ SoC သုံးထားမယ်လို့ ကြားရပါသေးတယ်။ အစပိုင်းမှာ MediaTek Dimensity 1200 ကိုသုံးဖို့လျာထားပေမယ့် Dimensity 1300 ကိုပြောင်းလဲသုံးစွဲမယ််ဆိုတဲ့အတွက် ​Power Comsumption ပိုင်းမှာ ပိုမိုသက်သွားနိုင်ပါတယ်။

Oneplus Nord 2T မှာ 6.43 လက်မ၊ FHD+ Display မျက်နှာပြင်၊ Android 12 အပြင် ကင်မရာပိုင်းအနေနဲ့ 50 Megapixel Main Sensor၊ 8MP Ultrawide၊ 2MP monochrone၊ 32MP Selfie Camera ပါဝင်မယ်လို့သိရပါသေးတယ်။​ ဈေးနှုန်းနဲ့ တစ်ခြားအသေးစိတ်အချက်အလက်တွေ မသိရသေးပေမယ့် မကြာခင် အိန္ဒိယမှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ Oneplus အနေနဲ့ Flagship Killer ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်ရယူဖို့ကြိုးစားနေတာဖြစ်နိုင်ပြီး တစ်နှစ်ကို Budget Series ၂ခုထိ ထုတ်သွားမယ်လို့လည်း သိရပါတယ်။

Ref : 9to5Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လူတိုင်း Messenger end-to-end encryption သုံးလို့ရပြီ

Next
Next

VarCamp( Virtual BarCamp) 2022 ကျင်းပသွားမည်