User တွေစကားနားထောင်ခဲ့တဲ့ Microsoft

ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက Microsoft အနေနဲ့ သူတို့ရဲ့ SwiftKey Keyboard ကို Apple App store ပေါ်ကနေ တရားဝင်စာထုတ်ပြီး ဖြုတ်ချခဲ့ပါတယ်။ iOS Keyboard ကိုမသုံးချင်တဲ့ သူတွေအတွက် ရွေးချယ်စရာဖြစ်ခဲ့တဲ့ Swiftkey အနေနဲ့ အသုံးပြုသူတွေကတော့ တိုင်ပတ်ပြီးကျန်ခဲ့ပါတယ်။ ဒါပေမယ့် Microsoft အနေနဲ့ ခုလောလောဆယ်မှာတော့ စိတ်ပြောင်းပြီး Swiftkey Keyboard ကို app store ပေါ်ပြန်တင်ရုံမက Feature အသစ်ပါမိတ်ဆက်လိုက်ပါတယ်။

ဘာလို့ SwiftKey Keyboard ကိုပြန်ပြီးထုတ်ပေးရလဲဆိုတော့ User Feedback တွေအများကြီးက တောင်းဆိုခဲ့ကြလို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Microsoft အနေနဲ့ SwiftKey Keyboard အပေါ်အကြီးစားရင်းနှီုးမြှပ်နှံမှုတွေလည်း လုပ်သွားဦးမယ်လို့ သိရပါတယ်။ SwiftKey Keyboard ဟာ Gboard လောက် Predit လုပ်တာနဲ့ Function တွေသိပ်မမိုက်ပေမယ့် ပိုပြီး Customization လုပ်လို့ရတဲ့ အားသာချက်ရှိနေပါတယ်။

iPhone သုံးတဲ့ Akhayar ပရိသတ်တွေရော SwiftKey သုံးဖူးကြလား။ ဘာ Keyboard တွေသုံးနေကြလဲ?

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လုပ်ငန်းသုံး ဘက်စုံသုံး အတွက်ခပ်ကြမ်းကြမ်း သုံးချင်သူများ အတွက် Acer ရဲ့ Commercial series

Next
Next

Augmented Reality ကို Google Maps မှာမြင်ရပါတော့မယ်